Background
ပြည်ချင်း ဈေးကွက်ဈေးငြိမ် ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ချင်း(ဥမ)များ ကျန်ရှိနေသေးတဲ့အတွက် အောင်ပန်းနဲ့ တောင်ကြီးဘက်တွင် ချင်း(တက်)များပေါ်ထွက်ပြီဖြစ်သော်လည်း မှာယူတင်သွင်း ရောင်းဝယ်မှု မရှိသေးကြောင်း သိရပါတယ်။ အဝင်မရှိဘဲ လက်ကျန်ချင်းများသာ ရောင်းဝယ်လျက်ရှိနေပြီး ချင်း(ဥမ)ရှယ်တစ်ပိဿာကို ၈၀၀ ကျပ်၊ (ဂျွန်) ၅၅၀--၆၅၀ ကျပ်တို့နဲ့ ဈေးငြိမ်နေတာတွေ့ရပါတယ်။ အရောင်း အဝယ်မှာ ပုံမှန်ရောင်းဝယ်မှုရှိလျက် ချင်းဓါးလှီးသမားများ လက်လီ-လက်ကား ရောင်းဝယ်သူများနဲ့ အခြားတိုင်းဒေသကြီးဖြစ်သော ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင် ပြည်နယ် တင်ပို့မှု အပါအဝင် ယခုတစ်ပတ်အတွင်း ပိဿာချိန် ၅၅၀၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
လှပတဲ့ အနာဂတ်များနဲ့ ကုလားပဲ ငွေဈေး၊ ရွှေဈေးတွေဘယ်လိုဖြစ်နေပါစေ သီးနှံမှာတော့ ကုန်လက်ကျန်ရှားပြီး ရောင်းလိုအားနည်းနေတဲ့ အချိန်မှာ ဝယ်လိုအားက တောင်းဆိုလာပြီဆိုရင် ဈေး တက်ကြောင်း၊ ယခုနှစ် ကုလားပဲဖြူကြီးက သက်သေပြနေ ပါတယ်။ ယခုနှစ် ဖေဖော်ဝါရီ ပထမ ဆယ်ရက်တစ်ပတ်မှာ တစ်တင်းကို ၁၉၁၀၀ ကျပ်နဲ့ စပေါ်ခဲ့ပြီး၊ ဇွန်လလယ်မှာ အများနည်းတူ ၁၅၈၀၀ ကျပ် ဆင်းခဲ့ကာ ယခုနှစ် စက်တင်ဘာ ဆယ်ရက်တစ်ပတ်မှာ ပစ္စည်းရှားလာလို့ တစ်တင်းကို ၂၅၄၀၀ ကျပ်ထိ ရောက်နေ တာ တွေ့ရပါတယ်။ သူ့ကြောင့်ပဲ ကုလားပဲဝါကြီးလည်း အထိုက်အလျောက် တက်လာခဲ့တာတွေ့ရကြောင်းပါ။ မောင်မောင်အေး
အိန္ဒိယကုလားပဲ လက်ငင်းဈေးမြင့်တက်၊ မိုးပဲအထွက် ၁၀ ရာခိုင်နှုန်း နီးပါးကျဆင်း အိန္ဒိယဒေလီဈေးကွက်ကို ပဲကားအစီး ၄၀ နဲ့ ပုံမှန်ဝင်ရောက်မှုရှိပြီး၊ အဝယ် ပုံမှန် ဆက်လက်ရှိနေတာကြောင့် စက်တင်ဘာလ ၁၅ ရက် ကုလားပဲဈေး ရူပီး ၇၅၀ (ကန်ဒေါ်လာ ၁၅ ဒသမ ၇၃)မြင့်တက်ပြီး၊ ရူပီး ၃၅၅၀၀ (ကန်ဒေါ်လာ ၇၄၅)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပွဲတော်များအတွက် ဝယ်လို အားကောင်းနေပြီး၊ ပဲကားဝင် ရောက်မှု ကျဆင်းတာကြောင့် ကုလားပဲလက်ငင်း ဈေးဟာ တစ်နှစ်အတွင်း ၄၈ ရာခိုင်နှုန်း ပိုမိုခဲ့တယ်လို့ သိရပါတယ်။ မိုးပဲစုစုပေါင်းထွက်ရှိမှုဟာ ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်းနီးပါး ကျဆင်းဖွယ် ရှိတယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ ကမ္ဘာ့ထုတ်လုပ်မှုအနေနဲ့ အဓိက တင်ပို့နိုင်ငံများဖြစ်တဲ့ သြစတြေးလျနဲ့ ကနေဒါတို့က ထုတ်လုပ်မှု ကျဆင်းဖွယ်ရှိတာ ကြောင့်လည်း ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာ့ကုလားပဲထုတ်လုပ်မှုကလည်း ၆ ရာခိုင်နှုန်းနီးပါး ကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ၂၀၁၁-၁၂ အတွင်း ကမ္ဘာ့ကုလားပဲတင်ပို့မှုဟာ ၂၀ ရာခိုင်နှုန်းလျော့ကျပြီး တန်ချိန် ၃ ဒသမ ၄၈သိန်း သာရှိမယ် လို့ ခန့်မှန်းထားပါတယ်။ ပွဲတော်အတွက် ဝယ်လိုအား ဆက်လက်ကောင်းနိုင်ခြင်းနဲ့ ရောင်းချမှု အကန့် အသတ်သာရှိခြင်းကြောင့် ကာလတိုအတွင်း အိန္ဒိယဈေးကွက် ကုလားပဲဈေး ဆက် လက်ခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင်၊၊Source: moneycontrol.com
အိန္ဒိယကုလားပဲဈေး အမြင့်ဘက်ဆက်လက်ချီတက် အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ကုလားပဲဈေးက ဆက်လက်မြင့်တက်လျက် ရှိနေပါတယ်။ ဈေးကွက်တွေမှာ ရောင်းလိုအားနည်းပြီး ပွဲတော်အတွက် ဝယ်လို အားကောင်းနေခြင်းတို့က ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ အိန္ဒိယနိုင်ငံမှ မုတ်သုံမိုးဆုတ်ခွာမှုနှေးကွေးနေခြင်းကြောင့် ဆောင်းပဲစိုက်ပျိုးမှု နှောင့်နှေးနိုင်ပါ တယ်။ စိုက်ပျိုးရာမှာ အစိုဓါတ်များပေမဲ့ သီးနှံစိုက်ပျိုးဖို့ သင့်တော်မယ်လို့ ခန့်မှန်း ကြပါတယ်။ ကုလားပဲတင်ပို့နိုင်ငံများဖြစ်တဲ့ သြစတြေးလျနဲ့ ကနေဒါတို့မှာ အထွက် ကျဆင်းခြင်းကြောင့်ပြည်ပတင်ပို့မှုလျော့ကျနိုင်ခြင်းက ပြည်တွင်းဈေးကို အထောက် အပံ့ဖြစ်စေနိုင်ပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းဆက်လက်ခိုင်မာ ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါ တယ်။ ဈေးကွက်အတွင်းဖြစ် ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြ လိုက်ပါတယ် ဒေါ်လာ/တန် ၁၅-၉-၁၁ ၁၄-၉-၁၁ ၁၃-၉-၁၁ ၁၂-၉-၁၁ဒေလီ ၇၃၇-၇၄၂ ၇၀၆-၇၁၁ ၇၁၁-၇၁၇ ၇၁၃-၇၁၉ကန်ပါ ၇၈၂ ၇၆၃ ၇၆၄ ၇၆၁အာကိုလာ ၇၆၃ ၇၄၃ ၇၄၃ ၇၄၅-၇၅၀MIRT(MAPT)
ကုလားပဲဖြူလုံးကြီး ရောင်းလိုအားရှိသလောက် ပြည်ပအဝယ်ရှိ ပြည်တွင်းဈေးကွက်များအတွင်း လက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲဖြူလုံးကြီးကို ရန်ကုန် FOB ဈေးကွက်မှာ ရောင်းလိုအားရှိသလောက် ပြည်ပအဝယ်ရှိနေတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း FOB အရောင်း အဝယ်တန်ချိန် ၁၈၀၀ ကျော်ရှိပြီး စက်တင်ဘာလ ပထမလဝက်အတွင်း တန်ချိန် ၃၄၀၀ ကျော်အရောင်းအဝယ်စာချုပ်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတကာမှာ ရောင်းအားလျော့နည်းတဲ့ ကုလားပဲဖြူလုံးကြီးကို ပြည်ပ အဝယ်တက်လာလို့ ယခုတစ်ပတ်လည်းကုလားပဲ FOB ဈေးအနည်းငယ်ပိုလာပါတယ်။ ယခင်တစ်ပတ် စက်တင်ဘာလ ၉ ရက်နေ့က FAQ တစ်တန် ကန်ဒေါ်လာ ၁၀၈၀-၁၁၀၀ ရှိရာမှ စက်တင်ဘာ ၁၆ ရက်နေ့မှာ ကန်ဒေါ်လာ ၁၁၃၀-၁၁၅၀ ကို မြင့်တက်လာခဲ့ပါတယ်။MIRT- MAPT
လက်ကျန်နည်းလာတဲ့ ကုလားပဲ တင်ပို့မှုလျော့လာ လက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲဟာ ယခုတစ်ပတ် (စက်တင်ဘာလ ၄-၁၀ ရက်) ပင်လယ်ရေကြောင်း က တင်ပို့မှုမှာ တန်ချိန် ၂၀၀၀ ကျော်သာရှိခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်တွေက တန်ချိန် ၃၀၀၀ ထိတင်ပို့မှုရှိလို့ တင်ပို့မှု တဖြည်းဖြည်း လျော့လာတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလ ၁၀ ရက်အထိ တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၅၇၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု လျော့ကျလာနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။MIRT- MAPT
ပြည်ပဲတီစိမ်းဈေးကွက် မျိုးပဲများအရောင်းအဝယ်ဖြစ် ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ပဲတီစိမ်းကို မျိုးအတွက် ဝယ်ယူမှုများရှိလာတဲ့အတွက် တစ်ရက်မျိုးပဲ ၂၅ အိတ်ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ပဲတီစိမ်းဈေးမှာ အရည်အသွေးလိုက်၍ ဈေးကွာခြားမှုရှိခဲ့ပြီး၊ ရိုးရိုးစမှာ တစ်တင်း ၁၃၅၀၀ ကျပ်၊ အလတ်စမှာ တစ်တင်း ၁၄၅၀၀ ကျပ်၊ ထိပ်စ အမျိုးအစားမှာတစ်တင်း ၁၈၀၀၀ကျပ်ဖြင့်မျိုးအတွက် အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ပဲတီစိမ်း ဝင်ရောက်မှု အနေနဲ့ အဝင်ပါးလာပြီဖြစ်သလို လိုင်းသမား များမှလည်း နေ့စဉ် အဝင်မရှိဘဲ အရောင်းအဝယ်ဖြစ်တဲ့ ရက်မှာ တစ်ရက် အိတ် ၃၀၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ဈေးကွက်သာခိုက် ရောင်းအားလိုအပ်တဲ့ စိမ်းကြီး အရည်အသွေးမညီလို့ ဈေးအနိမ့်အမြင့် ကွဲပြားလွန်းတဲ့ မုံရွာစိမ်းကြီး ဈေးကွက်မှာ စက်တင်ဘာ ၁၅ ရက်ပတ်အတွင်း တစ်တင်း ၁၇၀၀၀ ကျပ်မှ ၁၉၅၀၀ ကျပ်ထိ အမြင့်ဈေးနဲ့ အရောင်းအဝယ်သွက်လာခဲ့တာ တွေ့ရပါ တယ်။ မုံရွာစိမ်းကြီး ဈေးကွက်ထဲကို ဒေသတွင်း ချောင်းဦး၊ ယင်းမာပင်နယ်တွေက အလှည့်ကျပေါ်နေ ဝင်နေသလို ယော၊ ကျောနဲ့ ဂန့်ဂေါနယ် ဘက်ကလည်း ၁၂ ရာသီမပြတ်ဝင်လျက်ရှိလို့ ဈေးကွက်ပုံမှန် လည်ပတ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ ဝယ်လက်အားဖြင့် တရုတ်အတွက် မန်းဝယ်လက်ကများခဲ့ပြီး ရန်ကုန်ဘက် အနည်းငယ်အဆွဲရှိခဲ့ပါတယ်။ စက်တင်ဘာ ၁၅ ရက်ပတ်အတွင်း အရောင်းအဝယ်အားဖြင့် တစ်ရက်တင်း ၅၀၀ မှ ၁၀၀၀ အတွင်း ရှိခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ယခုလ ၁၅ ရက်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ မန္တလေးကို တင်း ၈၅၀၀ ခန့်နဲ့ ရန်ကုန်ကို တင်း ၁၀၀၀ ခန့်စီး ထွက်သွားခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
အိန္ဒိယပဲတီစိမ်းဈေးနှုန်း ဆက်လက်ခိုင်မာ ယခုတစ်ပတ်အတွင်း အိန္ဒိယပဲတီစိမ်းဈေးနှုန်း ဆက်လက်ခိုင်မာနေပါတယ်။ အဓိကတော့ နိုင်ငံအတွင်း ပဲတီစိမ်းစိုက် ဧရိယာကျဆင်းခြင်းကြောင့် ဈေးခိုင်မာနေတာဖြစ်ပါတယ်။ ဈေးကွက်တွေထဲ ပဲအသစ် စတင်ဝင်လာနေပြီဖြစ်ပေမဲ့ မိုးရွာသွန်း နေ ခြင်းကြောင့် ရိတ်သိမ်းမှုနှောင့်နှေးနေသလို အစိုဓာတ်များခြင်းကြောင့် ပဲဈေးများ လျှော့ရောင်းရတယ်လို့ သိရပါတယ်။ ကာလတိုအတွင်းမှာလည်း ပဲတီစိမ်းဈေးနှုန်းခိုင်မာဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ တစ်ပတ်အတွင်းဖြစ်ပေါ် တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ၁၅-၉-၁၁ ၁၄-၉-၁၁ ၁၃-၉-၁၁ ၁၂-၉-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား) ၉၆၂ ၉၄၁ ၉၅၅ ၉၅၈ဒေလီ ၇၁၁-၉၄၁ ၆၉၀-၉၂၀ ၇၀၁-၉၃၄ ၇၂၄-၉၅၈အာကိုလာ ၇၇၃-၉၈၂ ၇၃၂-၉၈၃ ၆၃၇-၉၅၅ ၇၄၅-၉၅၈MIRT(MAPT)
ယခုအပတ် နယ်စပ်မှ ပဲတီစိမ်း တင်ပို့မှုလျော့ စက်တင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၃၇၆ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၁၆၄၆ တန်ကျော် တင်ပို့မှုရှိခဲ့ပြီး ယခင်အပတ်တင်ပို့ မှု ထက် ၁၂၃၆ တန်ခန့် လျော့နည်းခဲ့ပါတယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံ မြေပြင်ဈေးများ ယခုအပတ် မြင့်နေတာ တွေ့ရပါတယ် ။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၆၀၉၃၁၄ ၅၇၅၂၈၀ ၃၄၀၃၄ ၆ ၉၀၉ ၈၄၆ ၆၃ ၇MIRT (DOBT)