Main menu

Background

ကမ္ဘာကြီးပူနွေးလာမှု၏ ထင်ရှားသော လက္ခဏများ

Wed, 04/28/2010 - 07:21 -- Anonymous (not verified)

ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ရှိ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစိုးရအဆင့် ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့(IPCC) ဟာ ကမ္ဘာကြီးပူနွေးလာမှု ကို အစဉ်စောင့်ကြည့်  လေ့လာခဲ့ပါတယ်။ အဲဒီ အဖွဲ့ကြီးရဲ့ တင်ပြချက်အရ ၂၀ ရာစုနှစ်အတွင်း ကမ္ဘာ့ကြီးပူနွေးလာမှုကြောင့် ကမ္ဘာကြီးရဲ့ အပူ ချိန်ဟာ 0.6 C(1.0.F) မြင့်တက်လာတယ်လို့ သိရပါတယ်။ ဒီလို ကမ္ဘာကြီး ပူနွေးလာခဲ့ရခြင်း အဓိက အကြောင်းရင်းကြီးဟာ စက်မှုတော် လှန်ရေးနောက်ပိုင်း ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု အဆမတန် များပြားလာ တဲ့အတွက်ကြောင့်ဖြစ်ကြောင်း  အခိုင်အမာ ထောက်ပြထားပါတယ်။ ကမ္ဘာ့အပူချိန် တိုးမြင့် လာတာကြောင့် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် ဟာ ၉ စင်တီမီတာကနေ ၈၈ စင်တီမီတာအထိ တိုးမြင့်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါ တယ်။တချို့ သိပ္ပံပညာရှင်တွေရဲ့ ခန့်မှန်းချက်တွေ အရ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဝင်ရိုးစွန်းဒေသ ရှိ ရေခဲတောင်တွေဟာ မူလခန့်မှန်းထားတာထက် အနှစ် ၃၀ ခန့်စောကာ အရည်ပျော်ပြီး ပင်လယ် သမုဒ္ဒရာတွေအတွင်း စီးဆင်းလာနိုင်တယ်လို့ ဆို ပါတယ်။ ဝင်ရိုးစွန်းဒေသရှိ ရေခဲပြင်တွေ အရည် ပျော်ကျမှုဟာ အတိုင်းအတာ ပမာဏအားဖြင့် ကြီးမားတဲ့အတွက် ပင်လယ်သမုဒ္ဒရာ ရေမျက်နှာ ပြင်တွေ မြင့်တက်လာပြီး ကမ္ဘာ့ကမ်းရိုးတန်းဒေသ တစ်လျှောက်မြေမျက်နှာပြင် နိမ့်ကျတဲ့ဒေသတွေ မှာနေထိုင်နေကြတဲ့ လူသန်းပေါင်းများစွာကို ဘေး အန္တရာယ်အမျိုးမျိုး  ပြုလာနိုင်ဖွယ်ရာ ရှိပါတယ်။ကမ္ဘာကြီးပူနွေးလာမှုရဲ့  ဒုတိယလက္ခဏာ တစ်ခုကတော့ အပူလှိုင်းတွေ ကျရောက်လာမှုပဲ ဖြစ်ပါတယ်။  ၁၉၉၅ ခုနှစ်အတွင်း ချီကာဂိုနဲ့ အီလီနွိုက်ပြည်နယ်တွေမှာ ၅ ရက်ဆက်တိုက် အပူချိန် 50.C အထိ တိုးမြင့်ခဲ့ပြီး အပူလှိုင်းကျ ရောက်တဲ့အတွက် လူပေါင်း ၇၀၀ ခန့် အသက်ဆုံး ရှုံးခဲ့ရပါတယ်။၂၀၀၃ ခုနှစ်တုန်းကလည်း ဥရောပ မှာ အပူလှိုင်း ကျရောက်ခဲ့တာကြောင့် လူပေါင်း ၃၅၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရဖူးပါတယ်။ အာရှ တိုက်ရှိ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ မှာလည်း အပူ လှိုင်းတွေ   ကျရောက်ခဲ့ပြီး  သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေသေဆုံးခဲ့တာ တွေ့ရှိရပါတယ်။ကမ္ဘာကြီးပူနွေးလာမှုရဲ့ တတိယ လက္ခ ဏာ တစ်ခုကတော့ ကမ္ဘာမှာ ပိုမိုပြင်းထန်လာ တဲ့ မုန်တိုင်းတွေ ဖြစ်ပေါ်လာခြင်းပဲဖြစ်ပါတယ်။အလွန်ပြင်းထန်တဲ့ အဆင့် ၄နဲ့ ၅ ရှိ ဟာရီကိန်း မုန်တိုင်းတွေဟာ ယခင်အချိန်ကာလတွေနဲ့ နှိုင်း ယှဉ်ရင် လွန်ခဲ့တဲ့ ၃၅ နှစ်အတွင်း ၂ ဆကျော် ခန့် များပြားလာတာ တွေ့ရပါတယ်။အထူး သဖြင့် အမေရိကန်နိုင်ငံ ပင်လယ်ကမ်းရိုးတန်း ဒေသတွေမှာ အဖြစ်များခဲ့ပါတယ်။ကမ္ဘာကြီးပူနွေးလာမှုရဲ့   စတုတ္ထ လက္ခဏာ တစ်ခုကတော့ မိုးခေါင်ရေရှားဒေသတွေ များပြား လာခြင်းပဲဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ်လွန်တွေ ကနေ ၂၀ ရာစုကုန်ဆုံးချိန်အထိ ၂ ဆခန့် များပြား လာတာကို တွေ့ရှိရပါတယ်။ အမေရိကန်နိုင်ငံ တစ် နိုင်ငံတည်းမှာပဲ မိုးခေါင်ရေရှား ဒေသတွေ ဖြစ် ထွန်းလာတဲ့အတွက်ကြောင့် တောင်သူလယ်သမား တွေရဲ့ဆုံးရှုံးမှုဟာ တစ်နှစ် ကို ပျမ်းမျှ ဒေါ်လာ ၈ ဘီလျံခန့်ရှိလာပါတယ်။ အချို့ဒေသတွေမှာ မိုး ခေါင်ရေရှားလာပြီး အပူချိန်တိုးမြင့်လာတဲ့အတွက် သဲကန္တာရတွေ ဖြစ်ပေါ်လာကာ စိုက်ပျိုးမြေတွေ တဖြည်းဖြည်း လျော့နည်းလာရပါတယ်။မကြာမီ နှစ်အနည်းငယ်အတွင်း ကမ္ဘာ့ အပူချိန် တိုးမြင့်လာတာကြောင့် ကမ္ဘာ့ဒေသ အချို့မှာ တောမီးလောင်ကျွမ်းမှုတွေ မကြာ ခဏ ဖြစ်ပေါ်လာတာတွေ့ရပါတယ်။ အထူး သဖြင့် အမေရိကန်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံ တွေမှာ  တောမီးလောင်ကျွမ်းမှုတွေ  အကြီး အကျယ်  ဖြစ်ပွားခဲ့တာကို   တွေ့နိုင်ပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်မှာ အပူချိန် သိသိ သာသာ တိုးမြင့်လာမှုကြောင့် တောမီးလောင် မှုဟာ ၁၄၃ ရာခိုင်နှုန်းအထိ တိုးမြင့်လာတယ် လို့ သိရပါ တယ်။ ဒါ့အပြင် ကမ္ဘာ့အပူချိန် တိုး မြင့်လာမှုနဲ့  ရာသီဥတု ဖောက်ပြန်လာမှုတွေကြောင့် ကမ္ဘာ့ အချို့ဒေသတွေမှာ ပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်မှုတွေဖြစ်ပွား လာတာတွေ့ ရကြောင်းပါ ခင်ဗျား။Ref:IPCCမောင်ပုဆိုးကြမ်း