Main menu

Background

ကုန်သွယ်မှုတိုးတက်ရေးညိုနှိုင်းဆွေးနွေး

Tue, 09/07/2010 - 10:04 -- Anonymous (not verified)

ကုန်သွယ်မှုတိုးတက်ရေးညိုနှိုင်းဆွေးနွေး     မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့ရှိ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် သြဂုတ်လ ၂၇ ရက်နေ့မွန်းလွဲပိုင်းတွင် နယ်စပ်ကုန်သွယ်ရေး ဌာနမှ ဦးဆောင်၍ အကောက်ခွန်၊ ပြည်တွင်းအခွန်၊ လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ဦးစီးဌာန မြန်မာ့ စီးပွားရေးဘဏ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စသည့် One Stop Services အဖွဲ့ဌာနများ၊ နယ်စပ်ကုန်သည်အသင်း ဥက္ကဌနှင့်အမှုဆောင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ကုန်တင် ယာဉ်ပို့ဆောင်ရေးဂိတ်မှူး များနှင့်  ကုန်သွယ်မှု တိုးတက်ရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြ ကြောင်း၊ အစည်းအဝေးတွင် တမူးခရိုင်အေးချမ်းးသာယာ ရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌဦးကောင်းစံဦးက အမှာစကားပြောကြားခဲ့ပြီး နယ်စပ်ကုန်သွယ် ရေး ဦးစီးဌာန၊ တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဝင်းမှ မြန်မာ့ပို့ကုန် အမယ်သစ်များ တိုးမြှင့်တင်ပို့ရေး၊ တရားမဝင် တင်ပို့/ တင်သွင်းမှု ပပျောက်စေရေး၊ လာဘ်ပေးလာဘ်ယူကင်းရှင်းစေရေး၊ ကုန်သွယ်မှု လျင်မြန် ချောမွေ့စေရေး၊ ကုန်သွယ်မှုလျာထားချက်များ ပြည့်မီကျော် လွန်စွာ တင်ပို့/ တင်သွင်းနိုင်ရေး၊ တစ်ဖက်နိုင်ငံ၏ ဈေးကွက် ရရှိရေး ကိစ္စများ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော ကုန်သည်ကြီးအသင်းဥက္ကဌနှင့် ကုန်သည်များမှလည်း ကုန်သွယ်မှု လျင်မြန်ချောမွေ့ရန်၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရန် ကိစ္စများ တင်ပြကြကြောင်း သတင်းရရှိသည်။                                                                                                                                       Source : နသက TW