Main menu

Background

ကုလားပဲဈေး အပြောင်းအလဲရှိနေ

Mon, 09/13/2010 - 10:27 -- Anonymous (not verified)

====ကုလားပဲဈေး အပြောင်းအလဲရှိနေ      အိန္ဒိယပြည်တွင်း  လက်ငင်းဈေးကွက်တွေမှာ  ယခုတစ်ပတ် ကုလားပဲဈေးက အတက်အကျ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပါတယ်။ ဈေးကွက်တွေကို  ပဲဝင်ရောက်မှု တိုးတက်လာရင် ဈေးလျာ့ ကျခဲ့ပြီး မိုးရွာသွန်းမှုကြောင့် ပဲဝင်ရောက်မှုကျဆင်းလာရင် ဈေးမြင့် တက်မှုတွေ ရှိနေပါတယ်။ ဈေးကွက်အများစုမှာတော့ ပဲလက်ကျန် သိုလှောင်မှုတွေရှိနေသလို သြစတြေးလျကတင်သွင်းခဲ့တဲ့ ကုလားပဲ များရောက်ရှိလာခြင်းက ဈေးကွက်အတွင်း ရောင်းအားများနေပါတယ်။ ဒါ့အပြင် လက်ရှိရာသီအတွင်း မိုးရွာသွန်းနေခြင်းက ဆောင်းပဲ စိုက်ချိန်မှာ အစိုဓာတ်ကောင်းကောင်းရရှိမှာဖြစ်လို့ ဆောင်းပဲအထွက် မြင့်တက်မယ့် အလားအလာတွေ ရှိနေပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းလျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား (၂)နဲ့ ဖော်ပြထားပါတယ်-