Main menu

Background

ကူဝိတ်ကလက်ရှိရေနံဈေးကို ကျေနပ်

Sat, 05/01/2010 - 07:54 -- Anonymous (not verified)

    လက်ရှိ  ရေနံဈေး တစ်စည်လျှင် ၇၅-၉ဝ ကြားဖြင့် အရောင်းအဝယ်ဖြစ် နေခြင်းအပေါ် ကူဝိတ်ရေနံဝန်ကြီးက ကျေနပ်မှုရှိကြောင်း ပြောခဲ့ပါတယ်။ ''ကျွန်တော်တို့ ရေနံဈေးမြင့်လာဖို့တော့ မျှော်လင့်ပါတယ်။ လက်ရှိဈေးဟာတော့ အရင်ဈေးတွေ  ထက်စာရင် ကျေနပ် ဖွယ် အခြေအနေတွေရှိတယ်။ ရေနံဈေးကွက်ကို ငွေကြေး ကစားသူတွေက ကြာကြာဈေးဆွဲမတင်နိုင်ပါဘူး'' လို့ ၎င်းကပြောပါတယ်။ ပြီးခဲ့တဲ့အပတ်က အိုပက်အဖွဲ့အနေနဲ့  ရေနံထုတ်လုပ်မှု တိုးမြင့်ရန် စဉ်းစားခဲ့ကြပြီး လက်ရှိရေနံ ဈေးမှာ တစ်စည်လျှင် ၈၅ ဖြစ်နေတဲ့ အတွက် ထုတ်လုပ်သူများဘက်မှ တိုးမြှင့် ထုတ်လုပ်ဖို့ရန် တုံ့ဆိုင်းလျက်ရှိနေပါတယ်လို့ နယူးယောက် ရေနံဈေးကွက်မှ သတင်းရရှိပါ တယ်။                                                                                                                                        WWN