Main menu

Background

ကော့သောင်း၊ မြိတ်နဲ့ တာချီလိတ်နယ်စပ်စခန်းများမှလည်း မြဝတီနယ်စပ်စခန်းကဲ့သို့ ထိုင်းကုန်ပစ္စည်းများ တင်သွင်းခွင့်ပေ

Tue, 09/07/2010 - 09:48 -- Anonymous (not verified)

 ကော့သောင်း၊ မြိတ်နဲ့ တာချီလိတ်နယ်စပ်စခန်းများမှလည်း မြဝတီနယ်စပ်စခန်းကဲ့သို့ ထိုင်းကုန်ပစ္စည်းများ တင်သွင်းခွင့်ပေ        မြန်မာ-ထိုင်း မြဝတီနယ်စပ်မှာနှစ်နိုင်ငံအကြား လတ်တလောနယ်နိမိတ်ဆိုင်ရာကိစ္စများ ညှိနှိုင်းဖြေရှင်း နေဆဲ ဖြစ်လို့ မြဝတီ နယ်စပ်ကုန်သွယ်မှုကို ခေတ္တရပ်ဆိုင်းထားပါတယ်။ ဒီလိုရပ်ဆိုင်းထားလို့ ထိုင်းပစ္စည်းတွေပြည်တွင်း အဝင်နည်း လို့ ကုန်ပစ္စည်း တွေဈေးတက်တယ်ဆိုပြီး ပြောဆိုနေကြတာနဲ့ပတ်သက်ပြီး မြဝတီနယ်စပ်ကုန်သည်အသင်းက တာဝန်ရှိသူတစ်ဦးကို ကောမတ်စ်က မေးခဲ့ပါတယ်။ တကယ်တော့ ထိုင်းပစ္စည်းတွေ တော်တော် များများဟာ တံတား မပိတ်ခင်ကတည်းက မြဝတီကုန်သွယ်ရေးဇုန်မှာရှိတဲ့ bonded warehouse တွေမှာ ရောက်ရှိ နေကြပြီး ဖြစ်ပါတယ်။ လိုင်စင်ခွင့်ပြုချက်ရယူပြီး မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှာ အစစ် ဆေးခံကာ ပြည်မကို သယ်ယူနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တံတားပိတ်ထားပေမဲ့ ကုန်သွယ်ရေးဇုန်အတွင်းက သိုလှောင် ရုံများမှာ အမှန်တကယ် ရောက်ရှိထားပြီး ဖြစ်တဲ့ ကုန်ပစ္စည်းများမှန်ကန်ကြောင်း OSS အဖွဲ့ရဲ့ ထောက်ခံချက်နဲ့ လိုင်စင်လျှောက်ထား ရယူပြီး ပြည်မသို့ သယ်ယူခွင့် ရရှိပါတယ်။ ကိုယ့်ဖက်က ပို့ကုန်များ သာတင်ပို့နိုင်ခြင်းမရှိပေမဲ့ ထိုင်းပစ္စည်းများ မြဝတီကုန်သွယ်ရေး ဇုန်မှတစ်ဆင့် ပြည်မသို့ရောက်ရှိနေတဲ့အတွက်အများပြောသလိုထိုင်းပစ္စည်းတွေ မြဝတီချစ်ကြည်ရေးတံတားပိတ်လို့ ပြတ်လပ်တယ် ဆိုတာမိုျး မရှိဘူးဆိုတာ သိစေချင်ပါတယ်။ မြဝတီမှလတ်တလော မတင်သွင်းနိုင်ပေမဲ့ မြိတ်နဲ့ ကော့သောင်းနယ်စပ်များမှ ထိုင်း ပစ္စည်းတွေ တင်သွင်းလို့ရနေပါတယ်။''                                                                                                                            MIRTDOBT)