Main menu

Background

ကြက်သွန်ဖြူ(ရှမ်းတောင်သူရောင်းတဲ့ ရှမ်းကြက်သွန်ဖြူ)

Thu, 09/02/2010 - 04:27 -- Anonymous (not verified)

 ရှမ်းတောင်သူရောင်းတဲ့ ရှမ်းကြက်သွန်ဖြူ  ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီတစ်ပတ်ရောင်းအားအကောင်းဆုံးကတော့ ကြက်သွန်ဖြူပါပဲ၊ ဝယ်လိုအားကောင်းနေပြီး ဈေးကလည်းကောင်းနေပါတယ်။ ထိပ်စတွေ ဖြစ်တဲ့ (ထူး -၃)၊ (ထူး-၄)တွေကလည်း ဝယ်လိုအား ကောင်းနေတာ ကြောင့် ဈေးကွက်မှာပစ္စည်းလက်ကျန်အတော်နည်းသွားပြီလို့ သိရပါတယ်။ ဒီနှစ် ပစ္စည်းအထွက်ကလည်းနည်းပြီး တောင်သူတွေကလည်း ထိန်းပြီး ရောင်းတာကြောင့် လှောင်လက်တွေကလည်း အရင်နှစ်တွေကလို များများဝယ်ပြီး မလှောင်နိုင်ခဲ့ပါဘူး။ ရှမ်းကြက်သွန်ဖြူတွေကို ရန်ကုန်၊ မန္တလေး ဝယ်လက်တွေက အဆွဲများနေပါတယ်။         ဒီတစ်ပတ်ကြက်သွန်ဖြူဈေးက တောင်ကြီးဈေးကွက်မှာ လတ်ခြား တစ်ပိဿာ ၂၅ဝဝ ကျပ်၊ ကြက်သွန်ဖြူ (ထူး-၁) ၂၆၅ဝ ကျပ်၊ (ထူး -၂) ၂၈ဝဝ ကျပ်၊ (ထူး-၃) ၂၉ဝဝ ကျပ်၊ (ထူး-၄) ၃ဝဝဝ ကျပ်ဈေးရှိပြီး အောင်ပန်းဈေးကွက်မှာ ကြက်သွန်ဖြူ (လတ်ခြား) ၂၆ဝဝ ကျပ်၊ (ထူး-၁) ၂၇ဝဝ ကျပ်၊ (ထူး-၂) ၂၈ဝဝ ကျပ်၊ (ထူး-၃) ၃ဝဝဝ ကျပ်၊ (ထူး-၄) ၃၃ဝဝ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းသုံး ဝယ်ယူနေတာကြောင့်  တစ်ပတ်အတွင်း ပိဿာချိန်ပေါင်း ၁ ဒသမ ၇ သိန်း စီ ဆင်းသွားတယ်လို့ ကြက်သွန်ဖြူပွဲရုံတွေက သိရှိရပါတယ်။                                                                                                                     ဧဧခိုင်