Main menu

Background

ကြိုးမဲ့ဇုံလေးတည်ဆောက်ဖို့ Prolinkု ရဲ့ Extender

Thu, 04/01/2010 - 08:35 -- Anonymous (not verified)

   အိမ်တွေ၊ ရုံးတွေမှာ ကြိုးတွေ ရှုပ်ရှုပ်ထွေးထွေး တပ်ဆင်ထားတာ ကို မလိုချင်တဲ့သူတွေအဖို့ ကိုယ်ပိုင်ကြိုးမဲ့ဇုန်လေးတစ်ခု တည် ဆောက်လို့ရအောင် Prolink Wireless Media Extender က ကူညီပေးနိုင်ပါတယ်။ အစည်း အဝေးခန်းတွေမှာ ပရိုဂျက်တာသုံး တဲ့အခါ Prolink Wireless-N Media ကို ကြိုးချိတ်ဆက်ရန်မလိုဘဲ သုံးနိုင်ပါတယ်။ ဒီကိရိယာမှာSender နဲ့Receiver နှစ်ခုလုံးပါဝင် ပြီး Output ထုတ်ချင်တဲ့အခါ MP3, DVD စတာတွေနဲ့ Sender ကို ချိတ်ဆက်ပေးပြီး ကိုယ်ပြချင်တဲ့ ပရိုဂျက်တာ၊ မော်နီတာ၊ စပီကာစတာ အစရှိတဲ့ ပစ္စည်းတွေနဲ့ Receiver ကို အလွယ်တကူ ချိတ်ဆက်ပေးလိုက်ရင် သုံးလို့ရပါပြီ။ ပေ ၁ဝဝ ပတ်လည် အတွင်း ကောင်းကောင်းသုံးလို့ရပါ တယ်။ တစ်စုံကို ကျပ်သုံးသိန်းလေး သောင်းဝန်းကျင်ဈေးရှိပြီး KMDအရောင်းဆိုင် တွေမှာ ဝယ်ယူရရှိနိုင်ပါ တယ်။