Main menu

Background

ခရီးဆောင် ရေခဲသေတ္တာ

Wed, 05/05/2010 - 09:45 -- Anonymous (not verified)

   တရုတ်နိုင်ငံလုပ်ဖြစ်ပြီး ရေခဲ သေတ္တာလို့ဆိုပေမယ့်  အအေးဓာတ် သာမက အပူဓာတ်ထိန်းပေးတဲ့ ပစ္စည်းအနေနဲ့လည်း သုံးလို့ ရပါတယ်။ ပလတ် စတစ်နဲ့ ပြုလုပ်ထားတာပါ။ အမြင့်က တစ်ပေခွဲလောက်ရှိပြီး  အလွယ်တကူ သယ်ယူသွားနိုင်ပါတယ်။    ရေခဲသေတ္တာလို   သုံးရာကနေ အနွေးဓာတ်ထိန်းတဲ့ပစ္စည်းလို  ပြောင်း သုံးချင်ရင် နောက်မှာပါတဲ့ ခလုတ်လေး ကို ပြောင်းနှိပ် လိုက်ရုံပါပဲ။ ဈေးနှုန်းက ကျပ် ရှစ်သောင်းရှစ်ထောင့်ငါးရာရှိပြီး ပြည်လမ်းက စိန်ဂေဟာ စူပါမားကတ်မှာ ဝယ်လို့ရပါတယ်။