Main menu

Background

ချင်း( အဝယ်ပုံမှန်ရှိနေတဲ့ရှမ်းချင်း)

Thu, 09/02/2010 - 04:19 -- Anonymous (not verified)

  အဝယ်ပုံမှန်ရှိနေတဲ့ ရှမ်းချင်း    ဒီတစ်ပတ် ချင်းစိုဈေးက တစ်ပိဿာကို ၈၅ဝ ကျပ်၊ ၉ဝဝ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ပင်လောင်းနယ်က အဝင်နည်းသွားပြီး ကလောနယ် တစ်ဝိုက်ကသာ ပုံမှန်ဝင်နေတယ်လို့ သိရပါတယ်။ အဝင်ကလည်း ပုံမှန်ရှိသလို အရောင်းကလည်း ပုံမှန်ရှိနေပါတယ်။ စစ်တွေဝယ်လက်တွေကတော့ အဝယ်ရပ် နေပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်တွေ ဘာသာရေးလ ဖြစ်နေတဲ့အတွက် အဝယ်ခေတ္တရပ်နေပြီး လောလောဆယ်ပြည်တွင်းသုံးအဖြစ်နဲ့သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပစ္စည်းလက်ကျန်ကလည်း ၃ ပုံ ၁ ပုံလောက် သာကျန်တော့တယ်လို့ ကုန်သည်တွေထံက သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းခြောက် ဈေးက အနည်းငယ်ပြန်တက်လာပြီး တစ်ပိဿာ ၂၂ဝဝ ကျပ်မှ ၂၅ဝဝ ကျပ်ဈေးရှိလာပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ ချင်းခြောက် တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။                                                                                                                                  ဧဧခိုင်