Main menu

Background

ငါးရှဉ့်တင်ပို့မှုက လျာထားသတ်မှတ်ငွေ၏ ၃၆ ရာခိုင်နှုန်းခန့်တင်ပို့ပြီးဖြစ်

Thu, 09/09/2010 - 05:00 -- Anonymous (not verified)

ငါးရှဉ့်တင်ပို့မှုက လျာထားသတ်မှတ်ငွေ၏ ၃၆ ရာခိုင်နှုန်းခန့်တင်ပို့ပြီးဖြစ်           မြန်မာနိုင်ငံက ငါးရှဉ့်များကို ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချရာတွင် လျာထားသတ်မှတ်ဝင်ငွေ ၏ ၃၆ ရာခိုင်နှုန်းခန့် တင်ပို့ပြီး ဖြစ်သည်။    '' ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွက် ငါးရှဉ့်တင်ပို့မှုကနေ ဝင်ငွေရရှိ အောင်ဆောင်ရွက်ရာမှာ ဒေါ်လာ ၂၅ သန်းပါ၊ ငါးရှဉ့်ကို မူဆယ် ကနေ အဓိက တင်ပို့နေပြီး မြဝတီကလည်းတင်ပို့နေပါတယ်၊ ဒါ့အပြင် ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းကနေ စမ်းသပ် တင်ပို့ မှုတွေ ရှိပါတယ်၊ လောလောဆယ် သြဂုတ်လ ၂၂ ရက်အထိ မူဆယ်စခန်းတင်ပို့မှုက ဒေါ်လာ ၈ ဒဿမ ၉၄၉သန်း၊ မြဝတီနယ်စပ် စခန်းတင်ပို့မှုကနေ ဒေါ်လာ ဝ ဒဿမ ဝ၃၇ သန်း စုစုပေါင်း ဒေါ်လာ ၈ ဒဿမ ၉၈၆ သန်းရရှိထားပြီးပါပြီ၊ ဒါ့ကြောင့် ငါးရှဉ့်တင်ပို့မှု အတွက် လျာထား သတ်မှတ် ဝင်ငွေရဲ့ ၃၅ ဒဿမ ၉၄ ရာခိုင်နှုန်းတင်ပို့ပြီး ဖြစ်ပါတယ်'' ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။      ငါးရှဉ့်များကို သယ်ဆောင်ရာတွင် ကား၊ လေယာဉ်ဖြင့်သာမက ရထားဖြင့်ပါ သယ်ဆောင်ခွင့် မျှောစာများကို သက်ဆိုင်ရာက ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။                                                                                                                                                                      ခင်မိုျးသွယ်