Main menu

Background

စိန်ဈေးကွက် ပြန်လည်အစပျိုလာ

Thu, 05/06/2010 - 03:56 -- Anonymous (not verified)

    စိန်ဈေးကွက်မှာ သြင်္ကန်နီးသော ကာလမှစတင်၍ အရောင်းအဝယ် အေးစက်လျက်ရှိရာ ယခုတစ်ပတ်တွင် အရောင်းအဝယ် များ ပြန်လည်အစပျိုးလာပြီဖြစ်ကြောင်း စီအမ်စိန်ဆိုင်ပိုင်ရှင် ဦးရွှေကြည်ကပြောကြားသည်။ ''အခုစိန်ဈေးကွက်က အရောင်းအဝယ်ပြန်စခါစရှိသေးတယ်။ သြင်္ကန် မှာလူတွေကပင်ပန်းလာပြီး အနားယူ တာကနေ အခုမှဈေး ကွက်ဘက်ကိုပြန် ြ့ပီးလှည့်လာကြတာ။ အခုငွေဈေးကျ နေတဲ့အတွက် စိန်ဈေးနှုန်းကငြိမ်နေ တယ်။ ဒီထက်ငွေဈေးထပ်ကျရင် စိန် ဈေးနှုန်းပါလိုက်ပြီးကျလာနိုင်တယ်။ ဈေးကွက်ထဲမှာလည်း စိန်အသန့်ကိုလူ ကြိုက်ပိုများလာတယ်။ စိန်အသန့်အဝယ်လိုက်လာ တဲ့အတွက် တစ်ခါတစ်လေဈေးကွက်ထဲမှာ ပစ္စည်းတောင်ပြတ်တယ်။ ပစ္စည်းကလည်းမှာသလောက် မရဘူး၊ စိန်ကအိန္ဒိယနဲ့ တရုတ်ဘက်ကို အထွက်များနေတယ်'' ဟု ယင်းကပြောကြားသည်။    ယခုတစ်ပတ်အတွင်း စိန်ဈေးကွက်မှာအစပျိုးလာပြီဖြစ်သောကြောင့် ဈေးကွက်အခြေအနေကို ပြန်လည်သုံး သပ်ရန်လာမည့် အပတ်ဈေးကွက်ကအခြေ  အနေကို စောင့်ကြည့်ရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်ပြန်လည်လည်ပတ်လာပါက အရောင်းအဝယ် ပြန်လည်ကောင်း မွန်လာနိုင်ကြောင်း  ယင်းကသုံးသပ် ပြောကြားသည်။                                                    မင်းသန့်