Main menu

Background

စိန်ဈေးနှုန်း အနည်းငယ်တက်ပြီး ကျင်ဖြူစိန်အဝင်နည်း

Thu, 09/02/2010 - 04:05 -- Anonymous (not verified)

       အိန္ဒိယဘက်မှ စိန်များကို ပြည် တွင်းဈေးကွက်က ဝယ်ယူအသုံးပြုလျက် ရှိရာ အိန္ဒိယစိန်ဈေး တက်ခြင်းကြောင့် ပြည်တွင်းစိန်ဈေး ကွက်မှာ ၅ ရာခိုင်နှုန်း နီးပါးဈေးတက်လျက်ရှိပြီး ကျင်ဖြူစိန် များအဝင်နည်း၍ ပစ္စည်းပြတ်သလောက် ရှိနေကြောင်းသိရပါတယ်။ကျင်ဖြူစိန်ကို မြန်မာနိုင်ငံမှ အသုံးများပြီး အိန္ဒိယဘက်မှ ပစ္စည်းဝင်ရောက် မှုနည်းလာခြင်းကြောင့် ပစ္စည်းရှားလာကြောင်းနဲ့ အိန္ဒိယစိန်သွေးတဲ့လုပ်အား ခဈေးနှုန်းများအပြောင်းအလဲဖြစ်ပေါ် လာခြင်းကြောင့် လက်ဝင်တဲ့ စိန်အပွင့် သေးများ  ပို၍ဈေးမြင့် လျက်ရှိကြောင်း မန္တလေးမြို့စိန်ဈေးကွက်အတွင်းမှ သိရပါတယ်။     ''ကျင်ဖြူက အသစ်ရယ်လို့ မဝင် ဘူး၊ ဈေးကွက်ထဲမှာရှိသလောက်ဘဲ အ ရောင်းအဝယ်လုပ်နေရတယ်။ ကျင်ဖြူ အမိုျးအစားအများ ကြီးထဲကမှ ကျင်ဖြူ မဲပြီးဖြူတာ၊ မဲပြီးစိမ်းတာ၊ ညိုပြီးဝါတာ၊ ကာလာများတာကို ကြိုက်ကြတယ်။အစိမ်းဘက်ပါတာကို အန်တီတို့ကြိုက် ကြတယ်။ ကာလာမှာ သူ့အမှတ်အသား နဲ့ အခေါ်အဝေါ်လေးတွေရှိတယ်။ J နဲ့G ဈေးမြင့်တာတွေ သိပ်မဝင်ဘူး။ ပစ္စည်းကောင်းရှားတဲ့အတွက် စိတ်တိုင်း ကျပစ္စည်းလိုချင်တာ  မရနိုင်တာပေါ့'' လို့ မန္တလေးရှိစိန်ကုန်သည်တစ်ဦးက ပြောပါတယ်။    စိန်ဈေးနှုန်းမှာ စိန်ကောင်းစိန်သန့် တဲ့အပေါ်မူတည်ပြီး ဈေးနှုန်းကွဲပြားပါ တယ်။ ယခုလတွင် တောင်ပြုံးပွဲရာသီ ကြောင့် မန္တလေးမြို့သို့ နယ်စုံမှလာ ရောက်သူများမှ စိန်သေးသေးဖြင့် ပြု လုပ်ထားတဲ့အထည်များကို ဝယ်ယူလျက် ရှိကြောင်း သိရပါတယ်။                              ၁ဝ လုံးစီး                    ၂ဝ လုံးစီး                 ၄ဝ လုံးစီး   အကျင်            ၁၈ဝဝဝဝ မှ ၂ဝဝဝဝဝ    ၁၅ဝဝဝဝ မှ ၁၈ဝဝဝဝ      ၁၂ဝဝဝဝ မှ ၁၄ဝဝဝဝ   အသန့်နီးပါး       ၃၇ဝဝဝဝ မှ ၃၈ဝဝဝဝ    ၂၈ဝဝဝဝ မှ ၃၂ဝဝဝဝ     ၂၈ဝဝဝဝ မှ ၃၄ဝဝဝဝ   ကောင်းတဲ့စိန်   စိန်အသန့်               ၆၂ဝဝဝဝ                    ၄၈ဝဝဝဝ                   ၄၅ဝဝဝဝ                                                                                                                        ဇူးဇူး