Main menu

Background

စူလ်တန်ငါးမိုျးသစ် စင်ကာပူသို့တင်ပို့ရောင်းချမည်

Fri, 09/03/2010 - 08:21 -- Anonymous (not verified)

   စူလ်တန်ငါးမိုျးသစ် စင်ကာပူသို့တင်ပို့ရောင်းချမည်      သူရစံကုမ္ပဏီမှ သားဖောက်မွေးမြူခဲ့သော စူလ်တန်ငါးမိုျးသစ်ကို စင်ကာပူသို့တင်ပို့ရောင်းချရန် စီစဉ်နေပြီဖြစ်သည်။    '' သူရစံ ကုမ္ပဏီက စင်ကာပူကနေ စူလ်တန်ငါးမိုျးသစ်ကို တင်သွင်းပြီး ဒီမှာသားဖောက်တာ အောင်မြင်ခဲ့တယ်။ ဧရာဝတီတိုင်းမှာ မွေးခဲ့တာပါ။ မွေးမြူတဲ့ကာလက၂ နှစ်ကြာပါတယ်။ အခုစင်ကာပူကို တင်ပို့ဖို့လုပ်နေ ပါပြီ။ စူလ်တန်ငါးက အမြင့်ဈေးမှာရှိတယ်။ ဈေးကွက်ရှိတယ်။ ဒါ့ကြောင့် ငါးမွေးမြူတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေက စိတ်ဝင်စားလာကြတယ်။ အခုဆိုရင် တီဇက် (TZ)  ကုမ္ပဏီကလည်း စင်ကာပူက သားပေါက်တင်သွင်းမွေးမြူဖို့ စီစဉ်နေပါပြီ '' ဟု ငါးလုပ်ငန်း အဖွဲ့ခုျပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။         အဆိုပါ ငါးမိုျးများကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ဖြန့်ဖြူးရောင်းချရန်အတွက် စင်ကာပူနိုင်ငံက ငါးမိုျးများတင်သွင်း၍ ငါး  လုပ်ငန်း ဦးစီးဌာနက ၂ဝဝ၈ ခုနှစ်ကတည်းက သားဖောက်လုပ်ကိုင်ထားကြောင်း သိရသည်။                                                                                                                      ခင်မိုျးသွယ်