Main menu

Background

စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ

Wed, 09/08/2010 - 05:40 -- Anonymous (not verified)

 ပုဂ္ဂလိကကဏ္ဍက စက်သုံးဆီ ရောင်းချဖြန့်ဖြူးမှုကို လွဲှပြောင်းလုပ်ကိုင်နိုင်ငံတော်မှ ကျင့်သုံးလျက်ရှိသော ဈေးကွက်စီးပွားရေး မူဝါဒနှင့်အညီ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်၍ နိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် စက်သုံးဆီဖြန့်ဖြူးမှုလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ၂ဝ၁ဝခုနှစ် ဇွန်လ ၁ဝရက်နေ့မှစ၍ လွဲှအပ် လုပ်ကိုင်စေခဲ့ပါသည်။ ထိုသို့လုပ်ကိုင်ရာတွင် နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင် ၂၇၂ဆိုင်အနက်မှ ၂၆ဝ ဆိုင်ကို ပုဂ္ဂလိကကဏ္ဍသို့ လွဲှပေးခဲ့ပြီး ၁၂ ဆိုင်ကိုမူ  နိုင်ငံပိုင်ကဏ္ဍ အရောင်းဆိုင်အဖြစ် သတ်မှတ်၍ ရောင်းချခဲ့ပါသည်။ ပုဂ္ဂလိကသို့လွဲှပြောင်း ရောင်းချ ရန်အတွက် စက်သုံးဆီအရောင်းဆိုင်များ၏ ပြည်နယ်/တိုင်းဒေသ ကြီးအလိုက် ခွင့်ပြုသည့်စက်သုံးဆီအရောင်းဆိုင်များနှင့် နိုင်ငံ ပိုင်ကဏ္ဍဖြန့်ဖြူးရောင်းချသည့် ဆိုင်များ၏ အခြေအနေကို ဖော်ပြလိုက်ပါသည်။                    ပုဂ္ဂလိကသို့ လွဲှပြောင်းရောင်းချရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ခွင့်ပြုသည့်                          စက်သုံးဆီအရောင်းဆိုင်များနှင့် နိုင်ငံပိုင်ကဏ္ဍ ဖြန့်ဖြူးရန်အရောင်းဆိုင်စာရင်း    အီသနော         ကြံမှ အီသနောထုတ်လုပ်မှုများလည်း ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ထီးခိုျင့်မြို့ နယ်၊ မောင်းကုန်းကျေးရွာတွင် ဂရိတ်ဝေါကုမ္ပဏီမှ တစ်နှစ်လျှင် အီသနောတန် ၃၆ဝဝ ကျ စက်ရုံကို တည်ထောင်ပြီး ၂ဝဝ၈ ခုနှစ် စက်တင်ဘာလတွင် စတင် လည်ပတ် ခဲ့ပါသည်။ ၂ဝဝ၈-ဝ၉ တစ်နှစ်ပတ်လုံး လည်ပတ်မှုမှ အီသနော ဂါလန် ၁ ဒသမ ၅ သန်း ထုတ်လုပ်နိုင်ခဲ့ပြီး မန္တလေး၊ မုံရွာနှင့် ရွှေဘိုတို့တွင် ဆိုင် ၅ ဆိုင် ဖွင့်လှစ်ရောင်းချနေပြီဖြစ်ကြောင်း သိရပါသည်။