Main menu

Background

စွမ်းအင်သုံးစွဲမှုကို အကောင်းဆုံးချွေတာပေးမယ့် Inverter အဲယားကွန်း

Thu, 05/06/2010 - 03:26 -- Anonymous (not verified)

   Panasonic Inverter Deluxe အဆင့်မြင့်  အဲယားကွန်းဟာ ကွန်ပကွန်ပရက်ဆာရဲ့ လည်ပတ်နှုန်းအားကို ထိန်းချုပ်နိုင် တာကြောင့် စက်လည်ပတ်သုံးစွဲနေချိန်တစ်လျှောက်လုံးမှာ စရိတ်စခကုန်ကျမှုသက်သာပြီး စွမ်းအင်သုံးစွဲမှု ချွေတာရေးကို ဖြစ်စေ ပါတယ်။ Eco Patrol စနစ်ကြောင့် အခန်းအတွင်းမှာရှိတဲ့ လူဦးရေနဲ့ လှုပ်ရှားမှုအနေအထားအပေါ်မူတည်ပြီး အကောင်းဆုံး အအေးစွမ်းအားနဲ့ စွမ်းအင်အနည်းဆုံး အသုံးပြုနိုင်ဖို့အတွက် စက်ကနေအလိုအလျောက် ထိန်းညှိလုပ်ဆောင်ပေးပါတယ်။   e-ion Air Purifying System ပါဝင်တာကြောင့် အခန်းတွင်းလေထု သန့်ရှင်းမှု ဒီဂရီအနေအထားကို အမြဲတမ်းစောင့်ကြည့် နေပြီး စက်ကနေ လေသန့်စင်တဲ့အလုပ်ကို အလိုအလျောက် လုပ်ပေးနေတဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ လေအေးတွေကို သာထုတ်လွှတ်ပေးပါတယ်။ အင်ဗာတာအဲယားကွန်းဟာ အင်ဗာတာမပါတဲ့ အဲယားကွန်းတွေနဲ့နှိုင်းယှဉ်ရင် အခန်းတွင်းမှာ အအေးဓာတ်ပိုပြီး လျင်လျင်မြန်မြန် ပေးနိုင်ပါတယ်။    မော်ဒယ်က CS-S 10 KKH ဖြစ်ပြီး တစ်ကောင်အားတစ်လုံးကို ကျပ် လေးသိန်း တစ်သောင်း ဝန်းကျင်နဲ့ Panasonic Showroom တွေမှာ ဝယ်ယူနိုင်ပါတယ်။