Main menu

Background

ဆန်အထွက်နှုန်း ကောင်းသော်လည်း အကိုျးခံစားရမည် မဟုတ်သည့်အိန္ဒိယ

Thu, 09/09/2010 - 07:34 -- Anonymous (not verified)

 ဆန်အထွက်နှုန်း ကောင်းသော်လည်း အကျိုးခံစားရမည် မဟုတ်သည့်အိန္ဒိယ      ပါကစ္စတန်တွင် ရေလွှမ်းမိုးမှုကြောင့် စိုက်ပိုျးမြေရဲ့ ၁၄ ရာခိုင်နှုန်းဆုံးရှုံးခဲ့ရကာ ၂ဝ၁ဝ ခုနှစ်နှောင်းပိုင်းတွင် ဆန်တင်ပို့ မှုတန်ချိန် ၃ သန်းလျော့နည်းနိုင်ကြောင်း ကုလသမဂ္ဂ စား သောက်ကုန်နဲ့ လယ်ယာစိုက်ပိုျးရေးအဖွဲ့မှ ခန့်မှန်းခဲ့ပါတယ်။        ပါကစ္စတန်က ကမ္ဘာတွင်  ဆန်အများဆုံးတင်ပို့နေတဲ့ နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး  ကမ္ဘာ့ဆန်ဈေးနှုန်းများ မြင့်တက်လာ နိုင်ဖွယ်ရှိပါတယ်။  ဆန်အများဆုံးထုတ်လုပ်တဲ့ အိန္ဒိယတွင် ဆန်ထွက်နှုန်းကောင်းမွန်မှုကြောင့် ဆန်ဈေးနှုန်း မြင့်တက်မှုမှ ငွေကြေး အမြတ်အစွန်းများ ရနိုင်ဖွယ်အခြေ အနေရှိနေသော်လည်း လောလောဆယ်တွင် နယူးဒေလီက ဆန်တင်ပို့မှု  တားမြစ်ချက်ကို ပယ်ဖျက်ပေးဖို့အစီအစဉ် မရှိသေးကြောင်းနဲ့ စားသောက်ကုန်ဈေးနှုန်း ဖောင်းပွမှုက နှစ်ဆရှိနေဆဲဖြစ်တာကြောင့် အိန္ဒိယအနေနဲ့ တားမြစ်ချက်ကို ဖယ်ရှားဖို့ အစီအစဉ်လုံးဝမရှိကြောင်း ကုန်သွယ်ရေးဝန်ကြီး Anand Sharma  မှ ပြောကြားခဲ့ပါတယ်။ ယခု လောလောဆယ်  အခြေအနေတွင် ကမ္ဘာမှာ ဆန်အများဆုံးတင်ပို့တဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့က  ၎င်းတို့ရဲ့ ဆန်ကို ပိုမိုတင်ပို့နိုင်ရေးကို ကြိုးပမ်းနေကြကြောင်း သတင်းရ ရှိပါတယ်။                                                                                            Source:blogs.wsj.com, အေးမွန်မွန်လှိုင်