Main menu

Background

ဆီစက်သမားများ ဝယ်လိုအားနည်းပေမဲ့ အရောင်းအဝယ်ဖြစ်တဲ့ ပြည်မြေပဲဆံ

Tue, 09/07/2010 - 07:48 -- Anonymous (not verified)

ဆီစက်သမားများ ဝယ်လိုအားနည်းပေမဲ့ အရောင်းအဝယ်ဖြစ်တဲ့ ပြည်မြေပဲဆံ          မိုးမြေပဲများလှိုင်ချိန်တွင် ပြည်ဈေးကွက်သို့ မင်းတုန်း၊ ကံမ၊ ကြံခင်း၊ မြန်အောင်၊ ဥသျှစ်ပင်၊ ပေါက်ခေါင်း ဘက်မှ နေ့စဉ်အိတ် ၁ဝဝဝ၊ ၁၂ဝဝ ခန့် ဝင်ရောက်လာတာတွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆံဈေးမှာ သြဂုတ်လ ကုန်ပိုင်းမှာ တစ်ပိဿာ ၁၉ဝဝ ကျပ်ဖြစ်   နေသော်လည်း၊ စက်တင်ဘာလဆန်းမှာ ၁၆၅ဝ ကျပ်အထိ ကျလာခဲ့ပါတယ်။ ဆီစက်သမားများမှလည်း ပဲဆီဈေးအေးနေတာ ကြောင့် ဝယ်လိုအားနည်းနေခဲ့ပါတယ်။ လုံးဆံတစ်ပိဿာလျှင် ၂ဝဝဝ ကျပ်၊ မြေပဲ ဆီ တစ်ပိဿာကို  ၃၇၅ဝ ကျပ်မှ ၄ဝဝဝ ကျပ်ဖြင့် ဈေးအေးနေတာ တွေ့ရပါတယ်။ ပြည်ဈေးကွက်တွင် မိုးမြေပဲတစ်နေ့လျှင် အိတ် ၁ဝဝဝ ခန့် အရောင်းအဝယ်ဖြစ် တယ်လို့ ဈေးကွက်က သိရပါတယ်။                                                                                               ဝေဝေမင်း