Main menu

Background

ဈေးကွက်အတွင်းကို ပဲတီစိမ်းအသစ်ဝင်ရောက်လို့ အိန္ဒိယပဲတီစိမ်းဈးကျ

Wed, 09/01/2010 - 05:34 -- Anonymous (not verified)

အိန္ဒိယပြည်တွင်းပဲအဓိကစိုက်ပိုျးတဲ့ ဒေသတွေရဲ့ ဈေးကွက်အတွင်းကို ပဲတီစိမ်းအသစ်ဝင်ရောက်မှု အရှိန်အဟုန် ကောင်းလာပြီဖြစ်လို့ ပဲတီစိမ်းဈေး ကျဆင်းနေတာတွေ့ရပါတယ်။ လက်ငင်းဈေးကွက်မှာ တစ်တန်ကို ရူပီး ၂ဝဝဝ  (ကန်ဒေါ်လာ ၄၃) ကျဆင်းပြီး ရူပီး ၂၈ဝဝဝ-၃၆ဝဝဝ  (ကန်ဒေါ်လာ ၆ဝ၁-၇၇၃) ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။ အင်ဒိုရီ ဈေးကွက်အတွင်းကို သြဂုတ်လ ၂၆ ရက်နေ့က ပဲတီစိမ်းအသစ်အိတ် ၁၃ဝဝ ခန့်ဝင်ရောက်ခဲ့ပါတယ်။ ပဲအသစ်တွေ ရှေ့ဆက် တိုးတက်ဝင်ရောက်တော့မှာဖြစ်လို့ ပဲမိုျးစုံဈေးအကျဘက်ကို ဆက်ဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။                                                                                                              MIRT-MAPT