Main menu

Background

ဈေးပြန်မာလာတဲ့ ပြည်မတ်ပဲ

Mon, 09/06/2010 - 04:43 -- Anonymous (not verified)

ဈေးပြန်မာလာတဲ့ ပြည်မတ်ပဲပြည်ဈေးကွက်မှာ မတ်ပဲဈေး ယခင်တစ်ပတ်ကထက် ၂ဝဝ ကျပ် မြင့်တက်လာခဲ့ပြီး ပိဿာ ၂ဝ ဝင် တစ်တင်းကို ၂၇၂ဝဝ ကျပ် ်ဖြစ်လာပါတယ်။ ရန်ကုန်ဝယ်လက်ကလည်း အနည်းငယ်ရှိပြီး မြို့တွင်း အရောင်းအဝယ်ကလည်း အသင့်အတင့်ဖြစ်တာကြောင့် တစ်နေ့ကို တစ်တင်းခွဲအိတ် ၃ဝဝ မှ ၄ဝဝ အထိအရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ပြည်မြို့ရဲ့  အနီးရှိမြို့နယ်များ မှ ရန်ကုန်ကို မတ်ပဲတင်ပို့မှုကတော့ သြဂုတ်လမှာ ပဲအိတ် ၅၇၆၉၅ အိတ်တင်ပို့ပြီး စက်တင်ဘာလ  ပထမပတ်မှာ တစ်နေ့ကို အိတ် ၂၈ဝဝ  တင်ပို့တယ်လို့ သိရပါ တယ်။                                                                                                               မိမိအေး