Main menu

Background

ဈေးအနိမ့်အမြင့်နဲ့ ဝယ်လိုအားရှိတဲ့ရှမ်းဂုံျ

Thu, 09/09/2010 - 06:07 -- Anonymous (not verified)

ဈေးအနိမ့်အမြင့်နဲ့ ဝယ်လိုအားရှိတဲ့ရှမ်းဂုံျ            ရှမ်းပြည်နယ်တောင်ပိုင်းကထွက်တဲ့ သီးနံှတစ်မိုျးဖြစ်တဲ့ ဂုံျသီးနံှဟာ ဒီနှစ်နှစ်ဆန်းပိုင်း ဇန်နဝါရီလမှာ ဈေးကွက်ကိုစပြီး ဝင်လာပါတယ်။ ဂုံျကိုတောင်ကြီး မြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်၊ ဟိုပုံး၊ ဆီဆိုင်၊ ကလော၊ ပင်းတယနဲ့ ရွာငံမြို့နယ်တွေမှာ အများဆုံးစိုက်ပိုျးကြပါတယ်။ ၂ဝ၁ဝ ဇန်နဝါရီလဆန်းမှာ ဈေးကွက်ကို ဂုံျတစ်ပိဿာ ၅ဝဝ ကျပ်ဈေးနဲ့ဝင်လာပါတယ်။ ဖေဖော်ဝါရီမှာ ၅၂၅ ကျပ်၊ ၅၆၅ ကျပ်အထိတက်လာကာ မတ်လမှာ ၅၁ဝကျပ်မှ ၅၆၅ကျပ်အထိတက်လာပြီး၊ ဧပြီ မှာ ၅၁ဝ ကျပ်မှ ၅၅ဝ ကျပ်ပြန် အေးပါတယ်။ မေလမှာတော့ တစ်ပိဿာ ၅၁ဝ ကျပ်မှ ၅၄ဝ ကျပ်ဈေးရှိပြီး၊ ဇွန်လမှာ ၄၈၅ ကျပ်မှ ၅ဝဝ ကျပ်ဈေးပြန်ကျလာပါတယ်။ ဇူလိုင်လအထိ တစ်ပိဿာ ၄၈၅ ကျပ်မှ ၅၁ဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပြီး၊ အရောင်းအဝယ်ကလည်း ပုံမှန်သာဖြစ်နေပါတယ်။ ဇူလိုင်လမှာ ဂုံျဈေးတွေ အနည်း ငယ် လှုပ်ရှားလာပြီး၊ အနိမ့်ဆုံး ၄၈၅ ကျပ်မှ အမြင့်ဆုံး ၅၃ဝ ကျပ်ဈေးရှိလာ ပါတယ်။ သြဂုတ်မှာ ဝယ်လိုအားများလာပြီး ဈေးကလည်းထပ်တက်လာပါတယ်။ ၃ နှစ်အတွင်းမှာ ဂုံျဈေးဟာ အမြင့်ဆုံးဖြစ်ခဲ့ပြီး တစ်ပိဿာ ၅၄ဝ ကျပ်မှ ၆၄ဝ ကျပ် အထိဖြစ်လာပါတယ်။ စက်တင်ဘာလဆန်းမှာ ဂုံျဈေးကတစ်ပိဿာ ၆၃ဝ ကျပ်ရှိနေတယ်လို့ဈေးကွက်ကသိရပါတယ်။                                                                                                                       ဧဧခိုင်