Main menu

Background

ဈေးအနိမ့်အမြင့်နဲ့ အရောင်းအဝယ်အသင့်အတင့်ဖြစ်တဲ့ ပဲစင်းငုံ

Mon, 09/06/2010 - 05:12 -- Anonymous (not verified)

 ဈေးအနိမ့်အမြင့်နဲ့ အရောင်းအဝယ်အသင့်အတင့်ဖြစ်တဲ့ ပဲစင်းငုံ      မုံရွာကုန်စည်ဒိုင်ရဲ့ သြဂုတ်လ ပဲစင်းငုံနီဈေးကွက်မှာ ဒေသတွင်းလုပ်ငန်း သုံးသမားအခိုျ့ အနည်းငယ် ဝယ်ယူမှုနဲ့ ဒေသခံ ကုန်သည် တွေ ဈေးပေါ်မူတည်ပြီး အဝယ်အရောင်းလုပ်နေမှုနဲ့ ရန်ကုန်အိတ်စပို့သမားအခိုျ့ သင်္ဘောတင်အမီ လိုအပ်မဲ့ပဲဖြည့်ဆည်းဖို့ ဝယ်ယူမှုအနည်းငယ်ရှိခဲ့တာကြောင့် တစ်ရက်အိတ် ၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။       မုံရွာကုန်စည်ဒိုင်သြဂုတ်လ ပဲစင်းငုံနီဈေးကွက်အနေနဲ့ တစ်တင်း အနိမ့်ဆုံး ၂ဝဝဝဝ ကျပ်မှ အမြင့်ဆုံး ၂၂၇ဝဝ ကျပ်ထိသာ ဈေးအတက်အကျဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလဆန်းမှာတော့ တစ်တင်း ၂ဝ၈ဝဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။                         မုံရွာကုန်စည်ဒိုင်နယ်မြေမှာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး သြဂုတ်လအတွင်း မုံရွာမှ တစ်ဆင့်တင်ပို့မှုအနေနဲ့ မန္တလေးကို တင်း ၇ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၇ဝဝဝ ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။                                                                                                      ထွန်းလှိုင်