Main menu

Background

ဈေးအေးပေမဲ့ ရောင်းအားတက်လာတဲ့ မုံရွာပဲစင်းငုံနီ

Wed, 09/01/2010 - 04:11 -- Anonymous (not verified)

      မုံရွာကုန်စည်ဒိုင်ရဲ့ ပဲစင်းငုံနီဈေးကွက်ဟာ သြဂုတ်လအတွင်း လဆန်းပိုင်းက တစ်တင်း ၂၂၇ဝဝ ကျပ်နဲ့ အမြင့်ဆုံး ဈေးရခဲ့ရာက ယခုအပတ်မှာ တစ်တင်း ၂ဝ၅ဝဝ ကျပ်ထိ ဈေးကျဆင်းခဲ့ပါတယ်။ ယခုလအတွင်း မန္တလေးနဲ့ ရန်ကုန် ဝယ်လက်တွေရဲ့ အဝယ်အော် ်ဒါပေါ် မူတည်ပြီး ကျဈေး တက်ဈေးဖြစ်ပေါ် နေသလို ဒေသခံ ကုန်သည်အခိုျ့ငွေပေါ်အောင်ရောင်းခဲ့ကြလို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်အိတ် ၂ဝဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။       သြဂုတ်လ ၁ ရက်နေ့မှ ၂၅ ရက်နေ့ထိ မုံရွာကုန်စည်ဒိုင်မှာ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ထပ်ဆင့်တင်ပို့မှု အနေနဲ့ မန္တလေးကို တင်း ၆ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၄၅ဝဝ ခန့် ရှိခဲ့ကြောင်း သိရပါတယ်။ မုံရွာနယ်မှာ ယခုနှစ်စိုက်ပိုျးခဲ့ကြတဲ့ ပဲစင်းငုံပင်တွေကတော့ ဝါခေါင်မိုးရဲ့ ပံ့ပိုးမှုကြောင့် လက်ရှိဈေးကွက်ကို ဥပက္ခာပြုပြီး အညွန့်တဝေဝေနဲ့ လန်းဆန်း ရွှမ်းလဲ့နေလျက်ရှိတာ တွေ့မြင်ခဲ့ရပါတယ်။                                                                                                                                                                                                                                                                ထွန်းလှိုင်