Main menu

Background

တက္ကသိုလ်အဆင့်ဒီပလိုမာသင်တန်းများ PSB Academy တွင်ဖွင့်လှစ်

Thu, 05/13/2010 - 03:38 -- Anonymous (not verified)

    မြန်မာနိုင်ငံမှ ဘွဲ့ရကျောင်း သူ၊ ကျောင်းသားများအနေဖြင့်    ၎င်းတို့ဝါသနာပါရာပြည်ပအလုပ်အကိုင်များရှာဖွေရာတွင် အထောက်အကူပြုနိုင်မည့် တက္ကသိုလ်အဆင့်ဒီပလိုမာသင်တန်းများ ကိုစင်ကာပူနိုင်ငံရှိ PSB  Academy မှ ယခု(၂ဝ၁ဝ) စာသင် နှစ်၌စတင်ဖွင့်လှစ် မည်ဖြစ်ပြီးယခုအခါစင်ကာပူနိုင်ငံတွင် ကျွမ်းကျင်လုပ်သားဗီဇာ (C-Pass)ရရှိရန်အတွက် အခြေခံဘွဲ့ ဒီဂရီတစ်ခုသာမကစင်ကာပူအခြေစိုက်ခိုင်မာသည့် အောင်လက်မှတ်တစ်ခုကိုပါရရှိထားရန် လိုအပ်ကြောင်း AT&S Co,Ltd မှတာ ဝန်ရှိသူတစ်ဦးကဆိုသည်။    ယခုကာလတွင်စာရင်းကိုင် ဘာသာရပ်များကို တက်ရောက်ရန်မလို တော့ဘဲစီးပွားရေးစီမံခန့်ခွဲမှု၊ရင်းနှီးမြုပ်နံှမှု၊ ဈေးကွက်ခဲျ့ ထွင်မှု အစရှိသောဘာသာရပ်များကို ကျောင်းသားကျောင်းသူများ အတွက်ကုန်ကျစရိတ်သက်သာရုံမျှမက မိမိတို့ဝါသနာ နှင့်လိုက်လျော ညီထွေမှုရှိပြီးအလုပ်အကိုင်ရရှိနိုင်ရေးအ တွက်အထောက်အကူဖြစ်စေမည့် PSBဒီပလိုမာသင်တန်းများကို တက်ရောက်နိုင်ပြီဖြစ်သည်။ နိုင်ငံတကာဘွဲ့ရယူလိုသော ကျောင်းသားများအနေဖြင့်လည်း ဒီပလိုမာ သင်တန်းများကို တက်ရောက်နိုင်ပြီဖြစ်သည်။ နိုင်ငံတကာဘွဲ့ရယူလိုသော ကျောင်းသားများအနေဖြင့်လည်း ဒီပလိုမာအောင်မြင်ပြီးလျှင် University of Newcastle နှင့် University of Wollongongတို့၏ သက်ဆိုင်ရာသင် တန်းများသို့ Advanced standing ဖြင့်  လျှောက်ထား တက်ရောက်နိုင် ကြောင်း သိရသည်။    ယခင်ကစင်ကာပူနိုင်ငံသားများနှင့် အမြဲနေထိုင်ခွင့်ရနိုင်ငံခြားသားများသာ အချိန်ပိုင်းတက်ရောက်ခွင့်ရှိခဲ့သော အဆိုပါဒီပလိုမာ သင်တန်းများကို ယခုအခါနိုင်ငံတကာမှကျောင်း သားကျောင်းသူများတက်ရောက်နိုင်စေ ရန်အချိန်ပြည့်သင်ကြားမှုစနစ်ဖြင့် ပြောင်းလဲဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ PSB Academy ၏ စီးပွားစီမံဒီပလိုမာ (Diploma in Business Administration)၊ ဘဏ်လုပ်ငန်းနှင့်ရင်းနှီးမြှုပ်နံှ မှုဆိုင်ရာဒီပလိုမာ (Diploma in Banking & Finance)၊ ဈေးကွက် ခဲျ့ထွင်မှု ဆိုင်ရာဒီပလိုမာ (Diploma in Marketing & Sales Management) သင်တန်းများကို ၁၅ လကြာ အချိန်ပြည့် တက်ရောက်သင်ယူရမည်ဖြစ်ပြီး ဘာသာရပ် ၁ဝ ခုအတွက်  ကျောင်းလခစင်ကာပူဒေါ်လာ ၅၅ဝဝ ခန့်သာကုန်ကျမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံမှ ကျောင်းသား၊  ကျောင်းသူများတက် ရောက်နိုင်ရန်လက်လှမ်းမီသည့် အောင်လက်မှတ်ဖြစ်ကြောင်းနှင့်  အသေးစိတ်သိရှိလိုပါက AT&S Co,Ltdဖုန်း ၅၂၁၁၂၅ သို့  ဆက်သွယ်မေးမြန်းနိုင် ကြောင်းသိရသည်။