Main menu

Background

တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ အခြေခံကောင်းမှ စက်မှုထွန်းကားသော စီးပွားရေးအလှည့်အပြောင်းသို့

Wed, 09/08/2010 - 04:07 -- Anonymous (not verified)

 တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ အခြေခံကောင်းမှ စက်မှုထွန်းကားသော စီးပွားရေးအလှည့်အပြောင်းသို့လူတစ်ဦးသည်  လည်းကောင်း၊ အိမ်ထောင်စု တစ်စုသည် လည်းကောင်း၊ လူအများစုဝေးနေထိုင်သည့် ဒေသတစ်ခု၊ နိုင်ငံတစ်နိုင်ငံ သည် လည်းကောင်း၊ အရင်းအနှီးနှင့်နည်းပညာ မပြည့်စုံသေးမီကာလတွင် မိမိတို့တွင်ရှိသော လူ့အရင်းအမြစ်သယံဇာတ၊ မြေသယံဇာတ၊ ရေသယံဇာတတို့ဖြင့် စိုက်ပိုျးရေးကိုအခြေခံ၍ လူမှုစီးပွားရေးဘဝကိုဖြည့်ဆည်းပြီး အရင်းအနှီးများရရှိအောင် ဦးစွာ စုဆောင်းခဲ့ကြသည်။ ယနေ့စက်မှု ထွန်းကားသောနိုင်ငံကြီးများလည်း အလားတူအစပြုခဲ့ကြသည်။ အရင်းအနှီးများရှိလာ သည့်အခါ  နည်းပညာရှာဖွေအသုံးပြု၍ စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ကြသည်။ အဆင့်မြင့်သိပ္ပံနည်း ပညာများအသုံးချပြီး နိုင်ငံသားတို့၏ လူမှုစီးပွားရေးဘဝကို ပိုမိုတိုးတက်ပြည့်စုံအောင် ကြိုးပမ်းကြသည်။နိုင်ငံတော်အစိုးရသည် ၁၉၈၈ ခုနှစ်မှစ၍ စီးပွားရေးဦးတည်ချက်လေးရပ် ချမှတ်ခဲ့ရာတွင်လည်း ထိုအခြေခံများကို ဦးစွာရည်မှန်းတည်ဆောက်ခဲ့သည်။ ဆည်မြောင်း တာတမံနှင့် လမ်းတံတား အခြေခံ အဆောက်အအုံများ တည်ဆောက်ပေးခဲ့မှုကြောင့် စိုက်ပိုျးရေးထုတ်ကုန်များကို တစ်နှစ်ထက် တစ်နှစ် တိုးတက်ထုတ်လုပ်လာနိုင်ခဲ့ပြီး စားသုံးမှု လုံလောက်ဖူလုံပိုလံျှရုံသာမက ပြည်ပသို့ တိုးခဲျ့တင်ပို့ရောင်းချနိုင် သည့် အဆင့်သို့ ရောက်ရှိလာသည့်နည်းတူ စက်မှုအခြေခံအဆောက်အအုံများလည်း တစ်ခုပြီးတစ်ခု စဉ်ဆက်မပြတ်တည် ဆောက်ပေးခဲ့ရာ  တည် ဆောက် ပြီး၊ တည်ဆောက်ဆဲ စီမံကိန်းလုပ်ငန်းများစွာကို မြင်တွေ့နိုင်သည်။  ထိုတည်ဆောက်ပြီးတည်ဆောက်ဆဲအခြေခံကောင်း များအပေါ် မကြာမီပြည်သူများကရွေးချယ်တင်မြှောက်မည့် အစိုးရသစ်သည် ခေတ်မီဖွံ့ဖြိုးတိုးတက် သောနိုင်ငံတော်သစ်ကို တည် ဆောက်တော့မည်။  နိုင်ငံတော် အကြီးအကဲသည် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် ပေးခဲ့ရာတွင် စိုက်ပိုျးရေး အခြေ ခံအဆောက်အအုံသာမက စက်မှုအခြေခံအဆောက်အအုံများကိုလည်း နေ့မအား၊ ညမနား စဉ်းစားကြံဆတည် ဆောက်ပေးခဲ့သည်။ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် စိုက်ပိုျးရေးထွက်ကုန်သီးနံှများ၊ တွင်းထွက်သယံဇာတများ ၊ရေသယံ ဇာတ၊မြေသယံဇာတနှင့် သစ်တောထွက်သယံဇာတ အရင်း အမြစ်များအား ကုန်ကြမ်းများအတိုင်း ပြည်ပသို့ရောင်းရုံဖြင့် နိုင်ငံ့ စီးပွားရေး ိုးတက်ပြည့်စုံမှုမရှိနိုင်ကြောင်း၊ ထိုသို့ရောင်းချရသည့် ငွေကြေးအရင်းအနှီးများကိုစုဆောင်း၍ စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နံှ လုပ်ကိုင်ခြင်း၊ ပြည်ပမှအရင်းအနှီးနှင့် နည်းပညာများကိုပေါင်းစပ်၍ စက်မှုထွန်းကားသော နိုင်ငံအဖြစ်ရောက်အောင်  ကြိုးပမ်းမှသာ လျှင် နိုင်ငံ့စီးပွားရေးသည် အခြေခိုင်မာစွာဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မကြာခဏ လမ်းညွှန်ပြောကြားခဲ့သည်။ထို့ကြောင့် တည်ဆောက်ပြီး၊ တည်ဆောက်ဆဲအခြေခံကောင်းများအပေါ် အမှီပြု၍ စက်မှုထွန်းကားသော စီးပွားရေးအလှည့်အပြောင်း သို့ ဦးတည်ပြီး နိုင်ငံတော်နှင့်ပြည်သူတို့ပူးပေါင်း၍ ကြိုးပမ်းဆောင် ရွက်သွားကြရမည်ဖြစ်ပေသည်။