Main menu

Background

တန်ဖိုးနည်းစက်မှုဇုန်အကွက်များအရောင်းအဝယ်လိုက်

Thu, 09/09/2010 - 04:42 -- Anonymous (not verified)

တန်ဖိုးနည်းစက်မှုဇုန်အကွက်များအရောင်းအဝယ်လိုက်          ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်းတန်ဖိုးနည်းစက်မှုဇုန်မြေကွက်များ အရောင်းအဝယ်လိုက်လာကြောင်း အိမ်ခြံမြေကုမ္ပဏီ များမှ သိရသည်။         '' သြဂုတ်လနောက်ဆုံးပတ်နဲ့ စက်တင်ဘာလဆန်းပိုင်းအထိ တန်ဖိုးနည်း စက်မှုဇုန်မြေကွက်တွေ အရောင်းအဝယ်လိုက်လာ ပါတယ်။ တန်ဖိုးအားဖြင့်  ၁ ဧကကို ကျပ်သိန်း ၄၅ဝ၊ ၈ဝဝ၊ ၁ဝဝဝ ဝန်းကျင်တွေပါ။ ဒီရက်တွေမှာ သာကေတ စက်မှုဇုန်မှာ  ၁ စတုရန်း ပေကို ကျပ်နှစ်သောင်း၊ လှိုင်သာယာစက်မှုဇုန် ၅၊ ဒဂုံ အရှေ့ စက်မှုဇုန်နဲ့ ဒဂုံဆိပ်ကမ်းစက်မှုဇုန်တွေဟာ ၁ ဧကကို ကျပ်သိန်း ၄၅ဝ နဲ့ ၅၅ဝ ဝန်းကျင်၊ မင်္ဂလာဒုံစက်မှုဇုန်မှာ ၁ ဧကကို ကျပ်သိန်း ၅ဝဝ ဝန်းကျင်၊ ဝါးတစ်ရာ စက်မှုဇုန်မှာ ၁ ဧကကို ကျပ်သိန်း ၂၅ဝ နဲ့ ၂၇ဝ ကြား၊ လှိုင်သာယာ စက်မှုဇုန် ၅၊ ရွှေပြည်သာစက်မှုဇုန် ၁ နဲ့ ၂ တွေမှာ ၁ ဧကကို ကျပ်သိန်း ၁ဝဝဝ ဝန်းကျင်နဲ့ အရောင်းအဝယ်တွေ ရှိခဲ့ပါတယ်။ စက်မှုဇုန်ရဲ့ အရောင်း အဝယ်က အရင်တုန်းက  ၁ ရာခိုင်နှုန်းလောက်ဘဲရှိခဲ့ တာပါ။ အခုအနေအထား ဆိုရင် ၅ ရာခိုင်နှုန်း လောက်အထိ တက်လာပါတယ် '' ဟု ကျောက်တံတားမြို့နယ် အခြေစိုက်အိမ်ခြံမြေ ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ပါသည်။အလားတူ အငှားဈေးကွက်တွင်လည်း လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ သင်္ကန်းကျွန်းမြို့နယ်၊ ဗဟန်း မြို့နယ်၊ ဒဂုံမြို့နယ်နှင့် မရမ်းကုန်း မြို့နယ်ရှိ တာဝါများ၊ ကွန်ဒိုများနှင့်လုံးချင်းတိုက်များလည်း အငှားဖြစ်ခဲ့သည်ဟု ဆိုသည်။                                                                                                                  ခင်မိုျးသွယ်