Main menu

Background

တရုတ်နိုင်ငံရောက် မျှစ်စို၊ မျှစ်ခြောက်

Fri, 09/03/2010 - 07:28 -- Anonymous (not verified)

တရုတ်နိုင်ငံရောက် မျှစ်စို၊ မျှစ်ခြောက်    မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်ကနေ ၂ဝ၁ဝ သြဂုတ်လ (၁)ရက်မှ (၂ဝ) ရက်ထိ ကာလအတွင်း မျှစ်စို ၂၄ တန်၊ တန်ဖိုးကျပ် ၃ သန်းကျော်၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ မျှစ်စို ၈ တန်ကို တန်ဖိုး ကျပ် ၁ သန်းကျော်ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ အလားတူ မျှစ်ခြောက် ၆ ဒဿမ ၃၇ တန် တန်ဖိုး ကျပ် ၂ သန်း ကျော်ဖိုးကိုလည်း မူဆယ်မှတစ်ဆင့် တရုတ်ပြည်ကို တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ မျှစ်စိုတစ်တန်ရဲ့ မိမိဘက် ပေါက်ဈေးက ၁၂ဝဝဝဝ ကျပ်ဖြစ်ပြီး တစ်ဖက်နိုင်ငံဈေးကတော့ ယွမ် ၉၃ဝ လို့သတင်းရရှိပါတယ်။                                                                                                                                                               မော်မော်အောင်