Main menu

Background

တရုတ်နိုင်ငံရှိ နိုင်ငံပိုင် ုကုမ္ပဏီကြီးမျးာအတွက်

Thu, 09/09/2010 - 07:20 -- Anonymous (not verified)

တရုတ်နိုင်ငံရှိ နိုင်ငံပိုင် ကုမ္ပဏီကြီးများအတွက် ပြည်ပမှ ထူးချွန်သူများကိုခေါ်ယူမည်။       လုပ်ငန်းပမာဏကြီးမားပေမယ့် စွမ်းဆောင်ရည်နိမ့်ကျနေသော အစိုးရလုပ်ငန်းများ ကို ကမ္ဘာတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေဖို့ ကြိုးပမ်းတဲ့အနေနဲ့ တရုတ်နိုင်ငံက နိုင်ငံပိုင်ကုမ္ပဏီ ၁၂ ခု၏ ထိပ်တန်းပိုင်း ရာထူးများမှာ ခန့်ထားဖို့ ကမ္ဘာပေါ်ရှိ ထူးချွန်ထက်မြတ် သူများကို ခေါ်ယူမည်ဖြစ်ကြောင်း သြဂုတ် ၃ဝ ရက်နေ့က ကြေညာပါတယ်။      ရေနံ၊ ဘဏ်လုပ်ငန်းနဲ့ လေကြောင်းလုပ်ငန်းနယ်ပယ်တွေမှာ အမိုျးသားချန်ပီယံတွေ အဖြစ် နိုင်ငံပိုင်ကုမ္ပဏီ ၃ဝ ကနေ ၅ဝ အထိ ထူထောင်ဖို့ တရုတ်အစိုးရ ဆန္ဒရှိနေပါ တယ်။ အခိုျ့ကုမ္ပဏီများမှာ တရုတ်နိုင်ငံရှိဈေးကွက်ထဲမှာ အကာအကွယ်ရရှိနေ တဲ့အနေ အထားကြောင့် ကုမ္ပဏီကြီးတွေဖြစ်နေပေမယ့် ကျွမ်းကျင်မှုမှာတော့ နိုင်ငံခြားက ပြိုင်ဘက်တွေထက် နောက်ကျနေတာကို အာဏာပိုင် တွေက အသိ အမှတ်ပြုထားပါတယ်။        နိုင်ငံပိုင်လုပ်ငန်းတွေမှာ ပြည်ပကမန်နေဂျာတွေကိုခန့်ထားတာရှိပါတယ်။ ဒါပေမယ့် တရုတ်မှာအကြီးမားဆုံးနိုင်ငံပိုင်ကုမ္ပဏီ တွေကို ကြီးကြပ်ဆောင်ရွက် နေတဲ့ ကတ်ဘိနက်အေဂျင်စီရဲ့ကြေညာချက်အရ အဆင့်မြင့်တဲ့ရာထူးတွေ အတွက် စုဆောင်း ခေါ်ယူတာဖြစ်ပါတယ်။       ကုမ္ပဏီများခိုင်မာတောင့်တင်းအောင်ဆောင်ရွက်ဖို့အတွက် ပြည်တွင်း၊ ပြည်ပမှလျှောက်လွှာများကို အလိုရှိကြောင်း နိုင်ငံတော် အက်ဆက်များ ကြီးကြပ် ရေးနဲ့ စီမံကွပ်ကဲရေးကော်မရှင်ကကြေညာထားတာကို ခိုျင်းနားဒေးလီးသတင်းမှာ ဖော်ပြထားပါတယ်။        သြဂုတ် ၃ဝ ရက်ကခေါ်ယူတဲ့ရာထူးတွေထဲမှာ ချည်ထည်ထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ ခိုျင်းနားတက် ကော်ပိုရေးရှင်း အတွက် အထွေထွေမန်နေဂျာနဲ့ ခိုျင်းနား နေရှင်နယ် ဂိုးဂရုကော်ပိုရေးရှင်းရှိ တရုတ်အမိုျးသား ကျောက်မီးသွေး ဘူမိဗေဒ စီမံကွပ်ကဲရေးအဖွဲ့ရဲ့ ဒုတိယ အထွေထွေမန်နေဂျာစတဲ့ ရာထူးတွေ ပါဝင်ပါတယ်။ Source : latimes.com