Main menu

Background

တရုတ်ဘက်မှာ ပဲတီစိမ်းစထွက် နယ်စပ်မှာဈေးကျ

Tue, 09/07/2010 - 08:31 -- Anonymous (not verified)

တရုတ်ဘက်မှာ ပဲတီစိမ်းစထွက် နယ်စပ်မှာဈေးကျ                      သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက် တရုတ်နိုင်ငံသို့ ပဲတီစိမ်း ၁၅၆၈ ဒသမ ၉၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၈ဝ၄ သန်း ဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလမှာတော့ ပဲတီစိမ်း ၁၆၁၃ တန် တင်ပို့ နိုင်ခဲ့ပါတယ်။ တစ်ဘက်နိုင်ငံမှာ ပဲတီစိမ်းများ စတင် ထွက်ရှိနေ ပြီဖြစ်ခြင်း၊ ရာသီဥတုအေးလာတဲ့အတွက် ပဲတီစိမ်းစား သုံးမှုနည်းပါး လာခြင်း၊ ကမ္ဘာ့ပဲဈေးနှုန်းကျဆင်း ခြင်းနဲ့အတူ တရုတ်နယ်စပ် မှာလည်း ပဲဈေးနှုန်းများကျဆင်းခြင်း၊ ပြည်တွင်းဝယ်ယူချိန်နဲ့ တစ်ဘက်နိုင်ငံသို့ ရောင်းချ ချိန်အကြား သယ်ယူစရိတ်ဈေးကျပြီး အရှုံးပေါ်ခြင်းတို့ကြောင်း ရောင်းဝယ်မှုများကျဆင်းခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ လာမဲ့အပတ်မှာ ရောင်းဝယ်မှု ဆက်လက်လျော့ ကျ နေအုံးမယ်လို့ခန့်မှန်းကြောင်း ပဲတီစိမ်းကုန်သည်တစ်ဦးက ပြောပါတယ်။ ယခုသြဂုတ်လမှာ နယ်စပ်  မှ ပဲတီစိမ်း ၁၃၉ဝ၄ တန် တင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လမှာ ၁၉၅၂၁ တန်တင်ပို့ခဲ့ တဲ့အတွက် တန်ချိန် ၅၆၁၇ တန်လျော့နည်း တင်ပို့ခဲ့ပါတယ်။ ဧပြီလ မှ သြဂုတ်လ ကုန်ထိ နယ်စပ်မှ ပဲတီစိမ်း စုစုပေါင်း ၆၅၈ဝဝ ကျော် တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ယခု အပတ်နဲ့ ယခင်အပတ် မြန်မာတရုတ်နယ်စပ်ရှိ ပဲတီစိမ်း မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ် -               မိမိဘက်(ကျပ်/တန်)    ပြောင်းလဲမှု      ရာခိုင်နှုန်း        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ပြောင်းလဲမှု     ရာခိုင်နှုန်းယခုအပတ်        ၇၂၄၈၇၆                                                                     ၁၂၅၅ယခင်အပတ်      ၉၅၇၉ဝ၂                    ၂၃၃ဝ၂၆          ၃၂                          ၁၃၃၁                    ၇၆         ၇၆                                                                                                                                        MIRT(DOBT)