Main menu

Background

တုံးဟိန်းတံဆိပ် မယ်လမင်းအဆိပ်သင့်နို့မှုန့် ဈေးကွက်မှာသိမ်း

Tue, 09/07/2010 - 10:17 -- Anonymous (not verified)

တုံးဟိန်းတံဆိပ် မယ်လမင်းအဆိပ်သင့်နို့မှုန့် ဈေးကွက်မှာသိမ်း     တုံးဟိန်း နို့ထွက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံအား စစ်ဆေးရာ အဆိပ်သင့် နို့မှုန့်များကိုတွေ့ရှိရသဖြင့် အဆိုပါစက်ရုံမှ တာဝန်ရှိသူ များအား အရေးယူ ထိန်းသိမ်းလိုက်ပြီး စက်ရုံကိုပိတ်သိမ်းထားကြောင်း ယူနန်ဒူးရှိ ပေါင် သတင်းစာမှာ ဖော်ပြထားပါတယ်။     နို့ထွက်ပစ္စည်းကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ တိုက်ပင်မင့် ဆိုသူ ဟာ ၂ဝဝ၈ ခုနှစ်က မယ်လမင်းပါဝင်သော အဆိပ်သင့်နို့ထွက် ပစ္စည်းကုန်ကြမ်း ၄၈ တန်ခန့်ကိုဖျက်ဆီးရမဲ့အစားတိတ်တဆိတ် သိုလှောင်ထားခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ်ဖေဖော်ဝါရီ လကနေ ဇွန်လ အတွင်းမှာ အဲဒီနို့မှုန့်တွေကို တုံးဟိန်းစက်ရုံကို ရောင်းချလိုက်တာဖြစ်ပြီး  ၈ တန်ကျော်အား ကုန်ချောပြုပြင် ထုတ်လုပ်ဖြန့် ဖြူးပြီး ဖြစ်တယ်လို့သိရပါတယ်။ ကျန်ရှိတဲ့ကုန်ကြမ်းတွေကိုအလုပ်သမားများ ရဲ့အိမ်တွေမှာသိုဝှက်သိမ်းဆည်း ထားတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ပြည်နယ် များမှာ တုံးဟိန်း တံဆိပ်နဲ့ ဖြန့်ဖြူးထားတဲ့နို့မှုန့်ကုန်ချောတန် ၁၂ဝ ကျော်ကို သိမ်းဆည်း လိုက်တယ်လို့ သိရပါတယ်။                                                                                       Source: ယူနန်ဒူးရှိပေါင်သတင်းစာ ၊သောင်းနိုင်