Main menu

Background

တောင်ကြိးကုန်စည်ဒိုင် 6-9-2010 မှ 10-9-2010အတွင်း

Mon, 09/13/2010 - 10:07 -- Anonymous (not verified)

တောင်ကြီးမှာ ပြောင်း ပုံမှန်အရောင်းအဝယ်ဖြစ်       ပြောင်း ကိုမန္တလေးဝယ်လက်နဲ့ တိရိစ္ဆာန်အစာစပ်လုပ်ငန်း ရှင်များက ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၃၃ဝ ကျပ်နဲ့တစ်ပတ်အတွင်း ပိဿာချိန် ၆၄ဝဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ပြောင်း (သစ်)က တစ်ပိဿာကို ၂၅ဝ ကျပ်နဲ့ ဈေးဖွင့်အရောင်းရှိပေမယ့် ပြောင်းရဲ့အစိုဓာတ် ရှိနေတာကြောင့် မန္တလေးဝယ်လက်နဲ့  သိုလှောင် မယ့်သူများက အဝယ်အေးနေတယ်လို့  ဒေသခံကုန်သည်များက ဆိုပါတယ်။