Main menu

Background

ထိုင်းဆန်တင်ပို့သူများက အစိုးရသိုလှောင်ဆန်များကို ဝယ်ယူရန် အထူးစိတ်ဝင်စားနေ

Thu, 09/09/2010 - 07:24 -- Anonymous (not verified)

ထိုင်းဆန်တင်ပို့သူများက အစိုးရသိုလှောင်ဆန်များကို ဝယ်ယူရန် အထူးစိတ်ဝင်စားနေ          ထိုင်းနိုင်ငံ ပြည်တွင်း ဈေး ကွက်တွင် ဆန်ရောင်းလိုအား အကျပ် အတည်းရှိလာခြင်းနဲ့ ကမ္ဘာ့ဆန် ဝယ်လိုအား မြင့်မား လာခြင်းတို့ကြောင့် ထိုင်း နိုင်ငံမှ ဆန်တင်ပို့တဲ့ လုပ်ငန်းရှင်များက အစိုးရ သိုလှောင်ထားတဲ့ ဆန် တန်ချိန်များစွာအနက် ဆန်တန်ချိန် ၁ သန်းခန့် ကိုဝယ်ယူဖို့အထူး စိတ်ဝင်စားနေ ကြောင်းသိရပါတယ်။ ဒါကြောင့်  ထိပ်တန်း ဆန်တင်ပို့သူ ၅ဦးက ဈေးကွက် ပေါက်ဈေးနီးပါး    ဈေးနှုန်းများနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းထား ကြောင်း သိရ ပါတယ်။    ထိုင်းနိုင်ငံက သြဂုတ်လ ၁ ရက်မှ ၁၇ ရက်အတွင်း ဆန်တန်ချိန် ၂၇၃၇ဝဝ ကိုတင်ပို့နိုင်ခဲ့ကြောင်း၊ ၂ဝ၁ဝ ခုနှစ် ပထမ ၆ လ အတွင်း ဆန်တန်ချိန် ၄ ဒသမ ၉ သန်းတင်ပို့ခဲ့ရကြောင်း ထိုင်းဆန်တင်ပို့သူများအသင်းက  ပြော ကြားခဲ့ပါတယ်။    ပပ၊Source:commodityonline.com