Main menu

Background

ဒီတစ်ပတ် ချင်းပဲကို တမူးကပို့

Tue, 09/07/2010 - 11:11 -- Anonymous (not verified)

 ဒီတစ်ပတ် ချင်းပဲကို တမူးကပို့     မြန်မာအိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တစ်ဘက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ချင်းပဲ တန် ၂ဝကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သန်း ၁ဝ၈၇ဝ ကျော်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လတစ်လလုံးချင်းပဲ ၂၉ တန်တင်ပို့ခဲ့ခြင်းဖြစ်ပြီး ဧပြီလမှ သြဂုတ်လကုန်ထိ နယ်စပ်မှချင်းပဲ ၂၃၂၄ ဒသမ ၇၆ တန် တင်ပို့နိုင် ခဲ့ပြီးဖြစ်ပါတယ်။ မိမိဘက်မှာ မြေပြင် ပေါက်ဈေးတစ်တန်ကို ၄၉၄ဝ၃၅ ကျပ်ဖြစ်ပြီး၊ တစ်ဘက်နိုင်ငံပေါက်ဈေးကတော့ ရူပီး ၂၆ဝဝဝ ဖြစ်ပါတယ်။ သြဂုတ်လဒုတိယပတ် တင်ပို့ခဲ့စဉ်က ၅၆၄၂ဝဝ နဲ့ တစ်ဘက်နိုင်ငံဈေး ပြောင်းလဲမှုမရှိဘူးလို့သိရပါတယ်။                                                                                                                          MIRT (DOBT)