Main menu

Background

ဒီအပတ် မူဆယ်က နှမ်းတန် ၁ဝဝဝ ကျော်ပို့

Mon, 09/13/2010 - 07:20 -- Anonymous (not verified)

 ဒီအပတ် မူဆယ်က နှမ်းတန် ၁ဝဝဝ ကျော်ပို့     မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် နှမ်း ရောင်စုံ ၁၁၃၂ ဒသမ ၃၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၄၉၄သန်း ဖိုးစက်တင်ဘာလ ၁ရက်မှ ၇ ရက်ထိကာလအတွင်း တင်ပို့ နိုင်ခဲ့ပါတယ်။ သြဂုတ် လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်းမှာ ၄၉၇ ဒသမ ၈၅ တန်တင်ပို့ခဲ့တဲ့ အတွက်ယခုအပတ်မှာ ၆၃၅ တန်နီးပါးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။နှမ်းဖြူ ၅၃၇တန်၊ နှမ်းဖြူူအခွံချွတ် ၉၈ ဒသမ ၂၅ တန်နဲ့ နှမ်းနက် ၄၉၇ ဒသမ ဝ၇ တန် အသီးသီး တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ မိမိဘက်နှမ်းပေါက်ဈေးကျဆင်းနေသော်လည်းတစ်ဘက်နိုင်ငံပေါက်ဈေးမှာမြင့်တက်လျက်ရှိတာတွေ့ရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို ဖော်ပြပေးလိုက်ပါတယ်-    မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                             ယခု          ယခင်        ပြောင်းလဲမှု      %    ယခု      ယခင်     ပြောင်းလဲမှု    %နှမ်းဖြူ    ၁၁၃၃၄၇၇       ၁၁၆၆၁ဝ၉         ၃၂၆၃၂       ၃    ၁၃၄ဝ     ၁၁၇၅         ၁၆၅      ၁၂နှမ်းနက်    ၁၃ဝ၁၁၄ဝ    ၁၄၅၄၉ဝ၅       ၁၅၃၇၆၅      ၁၂    ၁၃၉၉     ၁၃၇၆           ၂၃       ၂                                           MIRT (DOBT)