Main menu

Background

ဒေသတွင်း လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်တဲ့ ပဲနီပြား

Tue, 09/07/2010 - 11:26 -- Anonymous (not verified)

ဒေသတွင်း လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်တဲ့ ပဲနီပြား      ပြည်ဈေးကွက်အတွင်း ဒေသတွင်းမြို့နယ်များဖြင့် အရောင်းအဝယ် ဖြစ် နေတဲ့ ပဲနီပြားဈေးနှုန်းမှာ သြဂုတ် လကုန်ပိုင်းမှာ ၂၅၅ဝဝ ကျပ်ဖြင့် ဈေးကောင်း ရရှိနေတယ်လို့သိရပါတယ်။ သြဂုတ်လဆန်းပိုင်းတွင် တစ်တင်းလျှင် ၂၄၅ဝဝ ကျပ်သာရောင်းချခဲ့ကြပြီး၊ လကုန်ပိုင်းတွင် လက်လီသမားများ အဝယ်လိုက်လာ တာကြောင့် တစ်တင်း လျှင် ၂၅၅ဝဝ ကျပ်ထိ ၁ဝဝဝ ကျပ်ခန့်ဈေးမြင့်လာ ခဲ့ပါတယ်။ ယခုစက်တင်ဘာလဆန်းပိုင်းတွင် ပဲနီပြားတစ်တင်း လျှင် လက်လီဈေး ၂၆ဝဝဝ ကျပ်နဲ့ လက်ကားဈေး ၂၅၅ဝဝ ကျပ်ဖြင့် တစ်ရက်လျှင် အိတ် ၃ဝ မှ ၄ဝ အထိ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ဒေသတွင်းမြို့နယ်များဖြစ်သော ဇီးကုန်း၊ နတ်တလင်း၊ ကြို့ပင်ကောက်မြို့နယ်တို့မှ လာရောက်ဝယ်ယူကြတယ်လို့ သိရပါတယ်။                                                                                                                              ခင်ဆွေဝင်း