Main menu

Background

ဓာတ်င်္ဆီ

Wed, 09/01/2010 - 08:10 -- Anonymous (not verified)

နယ်စပ်က ဓာတ်ဆီတင်သွင်းမှု ပိုသြဂုတ်လ ၁၈ရက်မှ ၂၄ရက်ထိကာလအတွင်း   တာချီလိတ်နဲ့ ကော့သောင်း နယ်စပ်စခန်းများမှ ဓာတ်ဆီ ၁၇၃၁၁ဝ ဂါလန်နှင့် တာချီလိတ်နယ်စပ်မှ ဒီဇယ်ဆီ ၃၄၆၁ဝ ဂါလန်၊ တန်ဖိုး စုစုပေါင်း ကန်ဒေါ်လာ ၃၇၁၉၈ဝ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က တာချီလိတ်နဲ့ ကန်ပိုက်တီးနယ်စပ်များမှ ဒီဇယ်ဆီ ၄၄၇၂၃ ဂါလန် တင်သွင်းခဲ့တဲ့အတွက် ဒီဇယ်တင်သွင်းမှု ဂါလန် ၁ဝဝဝဝ ကျော် လျော့နည်းခဲ့သော် လည်း ယခင်အပတ်က ဓာတ်ဆီမတင်သွင်းခဲ့တဲ့အတွက် ယခုအပတ်၌ ဓာတ်ဆီတင် သွင်းမှုကတော့ ၁၇၃၁၁ဝ ဂါလန် ပိုမိုခဲ့ပါတယ်။ ကော့သောင်းနယ်စပ်မှာ ဓာတ်ဆီ ၁ ဂါလန် မိမိဘက် ၃၂ဝဝကျပ် ရှိပြီး တစ်ဖက်နိုင်ပေါက်ဈေးက ၈၈ ဘတ်(၁ ဒသမ ၂၅ ဒေါ်လာ)ရှိပါတယ်။ တာချီလိတ်နယ်စပ်မှာတော့ မိမိဘက်မှာ ဓာတ်ဆီ ၁ ဂါလန် ၃၁ဝဝ ကျပ်၊ တစ်ဖက်နိုင်ငံဈေး ၁ဝ၂ဘတ်(၃ ဒသမ ၂၄ဒေါ်လာ)၊ ဒီဇယ်ဆီ ၁ ဂါလန်ကို ၃၂ဝဝ ကျပ်၊ တစ်ဖက်နိုင်ငံဈေး ၁ဝ၅ဘတ် ( ၃ ဒသမ ၃၃ ဒေါ်လာ) ဈေးပေါက်လျက်ရှိပါတယ်။                                                                                                                                                          MIRT (DOBT)