Main menu

Background

ဓာတ်ဆီ/ ဒီဇယ်ဆီ

Thu, 05/06/2010 - 03:34 -- Anonymous (not verified)

ပင်လယ်ရေကြောင်းက ယခင်အပတ်ထက် လျှော့ဝင်    ပြည်တွင်းဆိပ်ကမ်းအသီးသီးကနေ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက သြင်္ကန်အပြီး ဧပြီလတတိယပတ်မှာ ဒီဇယ်အဝင်တန်ချိန် နှစ် သောင်းကိုးထောင်ကျော် (ပီပါ နှစ်သိန်းနှစ်သောင်း) ကျော်ဝင်ခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်အဝင်တန်ချိန် လေးသောင်းကိုး ထောင်ကျော် ဖြစ်ပြီး ဒီဘက်အဝင်တန်ချိန် နှစ်သောင်းကိုး ထောင်ကျော်ဖြစ်တာမို့ ယခင်အပတ်ထက် အဝင်လျော့ခဲ့ပါတယ်။ ဒီဇယ်ဆီများကို လုပ်ငန်းရှင်များက အပတ်စဉ်ပျမ်းမျှ တန်ချိန်နှစ်သောင်းခွဲဝန်းကျင်သွင်းလေ့ရှိပြီး သြင်္ကန်ပြီး ကာလမှာလည်း ပုံမှန် သွင်းမဲ့ သင်္ဘောတွေရှိနေပါတယ်။                                                                                               mirt (dot)ထိုင်းနယ်စပ်က ပိုမိုတင်သွင်း    သြင်္ကန်ကာလဖြစ်တဲ့ ဧပြီလ ၁၄ ရက်မှ ၂ဝ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှ  ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်သွင်းမှုမရှိခဲ့ပေ မယ့် သြင်္ကန်ကာလလွန် ဧပြီလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း ထိုင်းနယ်စပ် စခန်းများမှ ဓာတ်ဆီ ၁၉၁၆၁၁ ဂါလံနဲ့ ဒီဇယ်ဆီ ၂ဝ၃၉၃ ဂါလံကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၆၇ သန်းဖိုးတင်သွင်းခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် တင် သွင်းမှုများကတော့  တာချီလိတ်မှ ဓာတ်ဆီ (ရိုးရိုး) ၁၂၆၃၁၅ ဂါလံ၊ အဆင့်မြင့် ၃၅ဝ၈၈ ဂါလံ၊ မြိတ်မှ ၂၆၇ဝဝ ဂါလံ၊ မြဝတီမှ ၃၅ဝ၈ ဂါလံနဲ့ တာချီလိတ်မှ ဒီဇယ်ဆီ ၁၆၈၈၆ ဂါလံနဲ့ မြဝတီမှ ၃၅ဝ၈ ဂါလံ အသီးသီးတင်သွင်းခဲ့ကြတာဖြစ်ပါတယ်။ နယ်စပ်စခန်း များရှိ  ဓာတ်ဆီ၊ ဒီဇယ်ဆီ ဈေးနှုန်းများကို ဖော်ပြလိုက်ပါတယ်။                         ကျပ်/ဂါလံ        ဒေါ်လာ/ဂါလံ ဒီဇယ်ဆီ  တာချီလိတ်             ၃၃၄၅              ၃ .၁၉ မြဝတီ                   ၃၄၃၇              ၃ .၃၃ ဓာတ်ဆီ  တာချီလိတ် ရိုးရိုး                     ၂၉၉၅             ၂ .၉၈ အဆင့်မြင့်              ၃၁၃၅             ၃ .၁၂ မြဝတီ                  ၃၃၄၅              ၃ .၁၉                                       MIRT (DOBT)ဒီဇယ်ဈေးကွက်လက်လီတက်    ''ဒီဇယ်လက်လီအရောင်းအနေနဲ့ တစ်ဂါလံကို ၃၂ဝဝ ကျပ်နဲ့ ရောင်းနေပါ တယ်။ ကျွန်တော်တို့ဒီဇယ်ကိုပုံမှန်ဈေးပဲရောင်းတယ်။ သြင်္ကန်တွင်း ဈေးမြောက်ခဲ့ပေမဲ့ ဒီဇယ်ကသိပ်အမြင့်မလိုက်ပါဘူး။ ဆပ်ပလိုင်းလဲကောင်းတယ်။ ဓါတ်ဆီလဲဒီနှစ် သြင်္ကန်မှာဈေး မြင့်သွားတဲ့သဘောရှိပါတယ်။ ဒါလဲပွဲတော်အရှိန်ကြောင့်သာဖြစ်ပြီး အခုအချိန်မှာတော့ လုပ်ငန်းသုံးယာဉ်သုံးသာအဝယ်ရှိတဲ့ အတွက် ဆီဈေးသိပ်မတက် ပါဘူး၊ ရာသီဥတုပူလွန်းတာရယ်၊ မီးမလာတာရယ်ကြောင့် တခိုျ့အိမ်တွေ မီးစက် အတွက် ဒီဇယ် အဝယ်နည်းနည်းတက်လာတယ်''လို့ လသာက ဝယ်ရောင်းတစ်ဦးက ပြောပါတယ်။ ယခုအပတ်တွင်း ပြည်တွင်းဈေးကွက်၌ ဓါတ်ဆီလက်ကားဈေး တစ်ပေပါလျှင် တစ်သိန်းရှစ်သောင်းမှ တစ်သိန်းကိုးသောင်းကြားတွင် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ဒီဇယ်တစ် ပေပါလျှင် တစ်သိန်းငါးသောင်းလေးထောင်မှ တစ်သိန်းခြောက် သောင်းနှစ်ထောင်ဖြင့် စက်မှုဇုန်များတွင် အရောင်းရှိခဲ့ကြောင်း သိရပါတယ်။WWNလက်လီအဝယ်ဈေး ရန်ကုန်နဲ့ မန္တလေးရဲ့ လက်လီဈေးများကို ဖော်ပြလိုက်ပါတယ် -     ဧပြီ-၂ဝ၁ဝ        ဓာတ်ဆီ(ကျပ်)       ဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး ၂၃ ၃၉ဝဝ ၄ဝဝဝ ၃၂ဝဝ ၃၄ဝဝ ၂၄ ၃၈ဝဝ ၄ဝဝဝ ၃၂ဝဝ ၃၄ဝဝ ၂၆ ၃၇ဝဝ ၄ဝဝဝ ၃၂ဝဝ ၃၃ဝဝ ၂၈ ၃၆ဝဝ ၄ဝဝဝ ၃၂ဝဝ ၃၃ဝဝ ၂၉ ၃၆ဝဝ ၄ဝဝဝ ၃၂ဝဝ ၃၃ဝဝရေနံအထူးအစည်းအဝေးခေါ်ရန် အချိန်မကျသေးပါ ရေနံစိမ်းဝယ်လိုအားတိုးလာနေခြင်းအပေါ် ဈေးကွက်ဈေး ကစားသူများ ကြောင့် ရေနံဈေးမတည်မငြိမ် ဖြစ်မည်ကို အိုပက်ရေနံထုတ်လုပ်သူများ အဖွဲ့က စိုးရိမ်ခဲ့ကြပါတယ်။ ''လက်ရှိဝယ်လိုအားက ရေနံစိမ်းဈေးတိုးဖို့  အကြောင်း ဖန်နေတယ်။ ဈေးကစားသူတွေလည်း အသုံးချလာနိုင်တယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအားက ရေနံစိမ်းကို ထိန်းနေတယ်ဆိုပေမဲ့လည်း အဝယ်ကတွန်းတွန်း တိုက်တိုက်ဖြစ်လာရင် ဈေးကတစ်စည် ကန်ဒေါ်လာ ၁ဝဝ အထိရောက်သွားနိုင် တယ်'' လို့ ကာတာရေနံဝန်ကြီးကပြောပါတယ်။ အိုပက်အဖွဲ့ရဲ့ လက်ရှိရေနံ ဈေးက နဲနဲလိုက်မြင့်လာတယ်။ ဖေဖော်ဝါရီဈေးထက် ၂၄ ရာခိုင်နှုန်းတိုးလာ တယ်။ အိုပက်အနေနဲ့ ဈေးနှုန်းသိပ်မမြင့်စေရေးအတွက် တတ်နိုင်သလောက် ထိန်းခဲ့ပေမဲ့ ဈေးတက်ခဲ့တယ်။ ဒါကြောင့် အိုပက်ရဲ့ ရေနံထုတ်လုပ်မှုကိုတာ တိုးဖို့ကလွဲလို့ ကျန်တဲ့အစီအစဉ်နဲ့ ခြေလှမ်းလှမ်းစရာမရှိတော့တဲ့ အနေအထားပဲလို့ 0x158င်းက သုံးသပ်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ပုံမှန်မဟုတ်တဲ့ အထူးအစည်းအဝေးမိုျးတော့ ခေါ်ရန်မလိုသေးပါဘူးလို့ Associcted press မှာဖော်ပြခဲ့ပါတယ်။      WWN