Main menu

Background

ဓာတ်ဆီ/ ဒီဇယ်ဆီ

Wed, 05/12/2010 - 03:25 -- Anonymous (not verified)

   ဧပြီလအတွင်း အပတ်စဉ် ပျမ်းမျှတန်ချိန် တစ်သောင်းငါးထောင်ကျော်ဝင် ယခုမေလပထမအပတ်အကူးကာလမှာ ပြည်တွင်း ဆိပ်ကမ်းအသီးသီးကို ပင်လယ်ရေကြောင်းကနေပြီး ဒီဇယ်ဆီနှစ်သောင်းရှစ်ထောင်ကျော် မက်ထရစ်တန် (ပီပါ နှစ်သိန်းတစ် သောင်း) ကျော်ဝင်လာပါတယ်။ ဧပြီလအတွင်း အပတ်စဉ်ပျမ်းမျှ တန်ချိန် တစ်သောင်းငါးထောင်ကနေ တစ်သောင်းခြောက် ထောင်တန်ချိန်အကြား သွင်းခဲ့တာတွေ့ရပါတယ်။ ဧပြီလတစ်လလုံး ဒီဇယ်အဝင်တန်ချိန်ကတော့ ၇၇၄၅၈ တန်ဖြစ်ပါတယ်။ ယခုရက် သတ္တပတ်မှာ ဒီဇယ်တန်ချိန် ၂၈၈၄၁ တန်ဝင်ပြီး ယခင် အပတ်ကအဝင်တန်ချိန် ၂၉၇၃ဝ တန်ရှိတာမို့ ဒီအပတ်တွင်း အဝင်လျော့ခဲ့ပါတယ်။ MIRT (DOT)ယခုအပတ်နယ်စပ်မှ ဒီဇယ်ဆီ တင်သွင်းမှုပို    ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်ထိကာလအတွင်း တာချီလိတ်နယ်စပ်မှ  ဓာတ်ဆီ၊ ၁၁၉၂၉၈ ဂါလံနဲ့ ဒီဇယ်ဆီ ၁၃၃၇၇၂ ဂါလံ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၄၈၈ သန်းဖိုးတင်သွင်းခဲ့ပါတယ်။ ဧပြီလ ၂၁ ရက်မှ  ၂၇ ရက်ထိကာလ အတွင်း ဓာတ်ဆီ ၁၉၁၆၁၁ ဂါလံနဲ့ ဒီဇယ်ဆီ ၂ဝ၃၉၃ ဂါလံတင်သွင်းခဲ့တဲ့အတွက် ဓာတ်ဆီ ၇၂၃၁၃ ဂါလံ တင်သွင်းမှု လျော့နည်းခဲ့သော်လည်း ဒီဇယ်ဆီ တင်သွင်းမှု မှာ ၁၁၃၃၇၉ ဂါလံ ပိုမိုတင်သွင်း ခဲ့ပါတယ်။ တာချီလိတ်နယ်စပ်ရှိ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပေါက်ဈေး များကို ဖော်ပြလိုက်ပါတယ် -                              ကျပ်/ဂါလံ          ဒေါ်လာ/ ဂါလံဓာတ်ဆီ(ရိုးရိုး)               ၂၉၉၃                ၂ .၉၈ဓာတ်ဆီ(အဆင့်မြင့်)        ၃၁၃၅                ၃ .၁၂ဒီဇယ်ဆီ                      ၃၂၇၈                 ၃ .၁၉   MIRT (DOBT)နယ်စပ်ဆီဈေး နေ့အလိုက်နယ်စပ်စခန်းများရဲ့ ဓါတ်ဆီ၊ ဒီဇယ်ဆီလက်လီဈေးများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-                                             ဧပြီ-မေ-၂ဝ၁ဝ             ဓာတ်ဆီ(ကျပ်)        ဒီဇယ်(ကျပ်)ရက်        တရုတ်    ထိုင်း    တရုတ်      ထိုင်း ၃          ၃၅ဝဝ    ၃ဝဝဝ    ၃၅ဝဝ      ၂၉ဝဝ ၄          ၃၅ဝဝ    ၃ဝဝဝ    ၃၅ဝဝ     ၂၉ဝဝ ၅          ၃၅ဝဝ    ၃ဝဝဝ    ၃၅ဝဝ     ၂၉ဝဝ ၆          ၃၅ဝဝ    ၃ဝဝဝ    ၃၅ဝဝ     ၂၉ဝဝ                                              MIRT (DOBT)ပုဂ္ဂလိကဆီဆိုင်တွေကို ဈေးကွက်ကစိတ်ဝင်စား    ပြည်တွင်းဈေးကွက်များ လက်လီဝယ်ရောင်းများက မကြာမီဖွင့်လှစ်တော့မယ့် ပုဂ္ဂလိကဓါတ်ဆီ၊ ဒီဇယ်အရောင်းဆိုင်များရဲ့ ဈေးနှုန်းဈေးကွက်ပေါ်မှာ စိတ်ဝင်စား နေကြပါတယ်။ ''ဆိုင်ကြီးတွေလလယ်မှာ ဖွင့်တော့မယ်ပြောတယ်၊ ကျွန်တော်တို့လည်း ဈေး ဆင်းမလား၊ မဆင်းရဘူးလား၊ စောင့်ကြည့်နေတယ်။ လောလောဆယ် ကောက်ဝယ်ကောက်ရောင်းက အဆင်ပြေနေပါသေး တယ်။ ဓါတ်ဆီနဲ့ပြေးဆွဲတဲ့ လက်လီကားသမားအဝယ်တခိုျ့က ဓါတ်ဆီအဖြူနဲ့ အနီမှာ အဖြူကြိုက်သူများတယ်။ ကိုယ့်အကြိုက်နဲ့ ကိုယ်ပေါ့၊ ဒါပေမဲ့ ပြေးနေတဲ့ ယာဉ်တွေအနေနဲ့ စက်ပိုင်းဆွဲအားကောင်းဖို့ထက် ကြာကြာမောင်းနိုင်တာကို ဦးစားပေးနေတာ ကြောင့် ဘယ်လိုဆိုင်က ဘယ်လိုသွင်းမလဲ။ ဘယ်ဈေးလဲလို့ လက်လီ အဝယ် ဘက်ကလည်း စိတ်ဝင်စားနေတယ်'' ငွေလဲနှုန်း အပေါ်တည်တဲ့ စက်သုံးဆီဈေး ဖြစ်တာမို့ လက်သေးကုန်သည်ဝယ်ရောင်းများအနေနဲ့ တွက်ချေကိုက်မှုပိုနည်း သွားမှာကို စိုးရိမ်နေ ကြကြောင်း သိရပါတယ်။                                                                                                WWNလက်လီအဝယ်ဈေး ပြည်တွင်းဒေသများရဲ့ လက်လီအရောင်းအဝယ်ဈေးကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်-                                         ဧပြီ-မေ-၂ဝ၁ဝ        ဓာတ်ဆီ(ကျပ်)       ဒီဇယ်(ကျပ်)ရက် ရန်ကုန်  မန္တလေး   ရန်ကုန်   မန္တလေး ၃   ၃၅ဝဝ     ၄ဝဝဝ    ၃၅ဝဝ     ၃၃ဝဝ ၄   ၃၅ဝဝ     ၄ဝဝဝ    ၃၅ဝဝ     ၃၃ဝဝ ၅   ၃၅ဝဝ     ၄ဝဝဝ    ၃၅ဝဝ     ၃၃ဝဝ ၆   ၃၅ဝဝ     ၄ဝဝဝ    ၃၅ဝဝ     ၃၃ဝဝ                                                    MIRT (DOBT)ရေနံစိမ်းဈေးအမြင့်မှန်းချိန် ဂျာကာတာကပိုထွက်    အိုပက်အဖွဲ့အနေနဲ့ ဒီအပတ်တွင်း ရေနံစိမ်းဈေးတစ်စည်ကို ၈၆  ဒသမ ၃၆ ကနေ ၈၈ ဒသမ ၇ဝ ဒေါ်လာအထိမြင့်လာတဲ့ အတွက် ဒီနှစ်အတွင်း အမြင့် ဆုံးဈေးဖြစ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးလာ ခြင်းက ရေနံဈေးကို မြင့်မားလာအောင် ပံ့ပိုးပေးနေကြောင်းနဲ့ အမေရိကန်ရဲ့ ဂျီဒီပီ တိုးတက်မှု နှုန်းက ပထမလေးလပတ်ကာလမှာ ယခင်နှစ်ပထမလေး လပတ်ဂျီဒီပီ တိုးနှုန်းထက် ၃ ဒသမ ၂ ရာခိုင်နှုန်း ပိုမိုတိုးခဲ့တာကြောင့် ယခင်နှစ်ရဲ့ အမြင့်ဆုံး ရေနံဈေးကိုချဉ်းကပ်လာကြောင်း သုံးသပ်သူများကပြောခဲ့ပါတယ်။ ဒါပေမဲ့ဥရောပ ဇုံထဲက ဂရိနိုင်ငံရဲ့ေြွကးမြီပြဿနာကြောင့်လည်း အတိမ်အနက်ကို သိပ်မခန့်မှန်း ရဲသေးပါဘူးလို့ ရေနံဈေးကွက် သုံးသပ်သူများကပြောပါတယ်။    တစ်ဖက်ကလည်း ထုတ်လုပ်မှုအပိုင်းမှာ အာရှတိုက်ထဲက အင်ဒိုနီးရှားနိုင်ငံက ဒီနှစ်မှာရေနံစိမ်းပိုမိုထွက်ရှိလာတယ်လို့ ဆိုပါတယ်။ ''တစ်နေ့ရေနံစိမ်း စည်ပေါင်း ၈၂၇ဝဝဝ ခန့်အထိတိုးမြင့်ထုတ်လုပ်လာနိုင်နေပြီး မတ်လ က ၈၂၁ဝဝဝ လောက်ပဲ ထုတ်နိုင်ခဲ့တယ်။ ဒီလိုတိုးမြင့်ထွက်ရှိမှုက အစိုးရအနေနဲ့ စီမံကိန်းအသစ်တွေ ချမှတ်ပေးခြင်း၊ ရင်းနှီးမြှုပ်နံှသူများအပေါ် ဆွဲဆောင် မက်လုံးပေးခြင်း၊ အခွန်သက်သာမှုအခွင့်အရေးများပေးခြင်းတို့ ပြုလုပ်ခဲ့တယ်။ ဒါကြောင့် တိုးမြင့်ထွက် ရှိလာတယ်လို့ ဂျာကာတာ သတင်းစာမှာ ကမ္ဘာ့ရေနံစိမ်းဈေးအမြင့်မှန်းနေချိန်မှာ အာရှတိုက်ရဲ့ တိုးမြင့်ထွက်ရှိမှုအပေါ် သုံးသပ်ဖော်ပြခဲ့ပါတယ်။         WWN