ပင်လယ်ရေကြောင်းက အဝင်ခပ်ပါးပါးသာရှိ ဓါတ်မြေသြဇာကို ပြည်တွင်းလယ်ယာစိုက်ပိုျးရေးသုံးအတွက် ပြည်တွင်း မြန်မာကုမ္မဏီများက ပြည်တွင်းဖြစ် သဘာဝမြေဆီ ထုတ်လုပ်မှုတွေရှိသလို ပြည်ပမှလည်း မှာယူတင်သွင်းကြပါတယ်။ လက်ရှိကာလက စိုက်ပိုျးချိန်အလွန် ကာလဖြစ်တဲ့အတွက် မြေသြဇာအသွင်းက အဝင်အားနည်းလာတာ တွေ့ရပါတယ်။ ပုံမှန်သွင်းနေကြယူရီးယား၊ ပိုတက်၊ ကွန်ပေါင်းမြေဆီတွေကို အိမ်နီး ချင်းနိုင်ငံများ ဘက်ကရော၊ အရှေ့အာရှနိုင်ငံများဘက် ကပါပြည်တွင်း ဈေးကွက်အတွက် တင်သွင်းလာတတ်ကြပေမဲ့ဒီရက် သတ္တပတ် ဧပြီလ တတိယ အပတ်အတွင်း မြေဆီလွှာ အားဖြည့်ဓါတ်မြေသြဇာကို ဗီယက်နမ်နိုင်ငံဘက်က တန်ချိန် ၁၄၃ တန် တန်ဖိုးကန်ဒေါ်လာ ၄၂ဝဝဝ ကျော်ဘိုး တင်သွင်းလာတာ တွေ့ရပါတယ်။ ယခုလ အတွင်း ပင်လယ်ရေကြောင်းက အဝင် ခပ်ပါးပါးပဲရှိခဲ့ပြီး ပြီးခဲ့တဲ့ရက်သတ္တ ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ၆၃ တန်အဝင်ပိုခဲ့ပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေး စွမ်းအားမြင့် အချိန်တွေမှာ ပျမ်းမျှအဝင် တစ်ပတ်တန် ၂၅ဝ-၃ဝဝ ဝန်းကျင်ခန့် အဝင်ရှိပေမဲ့ ဒီလအတွင်းမှာတော့ ပျမ်းမျှအဝင်ထက်တော့ လျော့ နည်းခဲ့ပါတယ်။ MIRT(DOT)သြင်္ကန်အပြီး ပိုသွင်းလာ ဧပြီလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ ၁၅၁၉၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၁၈၄ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက်တင်သွင်းမှုများမှာ မူဆယ်မှ ယူရီယား၊ ကွန်ပေါင်း ၁ဝး၁ဝး၅ နှင့် ၁၅း၁၅း၁၅ ၁၄၇၃၅ တန်ကျော်၊ ကန်ပိုက်တီးမှ အမိုးနီးယမ် နိုက်ထရိုက် တန် ၁၅ဝ၊ မြဝတီနယ်စပ်မှ ကွန်ပေါင်း ၁၅း၁၅း၁၅၊ ၂၅းရး၇၊ အမိုးနီးယမ်ဆာလဖိတ်၊ ယူရီးယား၊ Folia Fertilizer အရည် ၈၃ တန်ကျော်၊ တာချီလိတ်နယ်စပ်မှ အမိုးနီးယမ်ဆာလဖိတ် N 21ရာခိုင်နှုန်း ၈၄ တန်ကျော်နဲ့ ရိဒ်နယ်စပ်မှ ယူရီးယား၊ ပိုတက်ရှ် ၁၄၂ တန်ကျော် အသီးသီးတင်သွင်း ခဲ့တာဖြစ်ပါတယ်။ သြင်္ကန် ကာလဖြစ်တဲ့ ဧပြီလ ၁၄ ရက်မှ ၂ဝ ရက်ထိ ကာလအတွင်း ၈၃၁၆ တန်သာ တင်သွင်းနိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၆၈၈ဝ ခန့် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အခိုျ့ရဲ့ ဓာတ်မြေသြဇာ ပေါက်ဈေး များကို ဖော်ပြပေးလိုက်ရပါတယ် - နယ်စပ် အမိုျးအစား မိမိဘက် (ကျပ်/တန်) တစ်ဘက်နိုင်ငံ (ဒေါ်လာ/ တန်) မူဆယ် ယူရီးယား ၂၇၈၁၈၄ ၂၇၉ ကွန်ပေါင်း ၁ဝး၁ဝး၅ ၁၃၉ဝ၉၂ ၁၃၉ ။ ၁၅း၁၅း၁၅ ၂၇ဝ၈၆၄ ၂၇၂ မြဝတီ အမိုးနီးယမ်ဆာလဖိတ်၂၁းဝးဝ ၁၅၅၇၇၅ ၁၅ဝ ယူရီးယား (၄၆းဝးဝ) ၃၃၁၆၅၁ ၃၁ဝ ကွန်ပေါင်း (၁၅း၁၅း၁၅) ၃၂၆၆၂၅ ၃၁ဝ ကွန်ပေါင်း (၂၅းရး၇) ၃ဝ၁၅ဝဝ ၂၉၅ Folia (liquid) ၃ဝ၁၅ဝဝ ၂၉၅ ရိဒ် ယူရီးယား ၂ဝဝဝဝဝ ၁၈၇ ပိုတက်ရှ် ၃၂ဝဝဝဝ ၂၂၉ mirt (dobt)ပြည်တွင်းအရောင်းအဝယ်ခပ်အေးအေး ပြည်တွင်းလက်လီဓါတ်မြေသြဇာဈေးနှုန်းများကလည်း အရောင်းအဝယ်ပုံမှန် သာဖြစ်ပြီး အဓိကကောက်နံှစပါးစိုက်ပျိုးချိန်က လည်း ဝေးတာမို့ ဈေးအေးနေတယ် လို့ဆိုပါတယ်။ ဒေသအသီးသီးရဲ့ လက်လီဈေးတွေကို လေ့လာနိုင်ဖို့ဖော်ပြလိုက်ပါတယ် -တိုင်း/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်း (မာလာမြိုင်) ယူရီးယား(တရုတ်)ရွှေတောင် ၁၉၉ဝဝ တီဆူပါ(သံကွင်း-တရုတ်) ၂ဝဝဝဝ ပိုတက်(အိန္ဒိယ) ၁၈၅ဝဝ ပိုတက်(ကနေဒါ) ၂၈၇ဝဝ ယူအေအီး ၁၉၉ဝဝမန္တလေးတိုင်း ယူရီးယား(တရုတ်)ရွှေတောင် ၁၇၈ဝဝ အာမို(တရုတ်) 15:15:15 ၄ဝဝဝဝ တီဆူပါ GTSP 46% ၁၈၇ဝဝမကွေးတိုင်း ယူရီးယား(ပန်းဖူး-တရုတ်) ၂ဝဝဝဝ ယူရီးယား(ဗိုျင်းသီးစုံ) ၁၄ဝဝဝတောင်ငူ ယူအေအီး ၂၁၅ဝဝမော်လမြိူင် ပုလဲ(သေး)(ရွှေတုံး ၄၆%တရုတ်) ၂ဝဝဝဝ တီစူပါ (တရုတ်)သံကွင်း၄၆% ၂ဝ၅ဝဝ ကွန်ပေါင်း(ထိုင်း-အစိမ်းရောင်) ၃၈ဝဝဝ (15:15:15) mirt (dot)
Background