Main menu

Background

နနွင်းဈေးနှုန်း အားနည်းသွားနိုင် ခန့်မှန်းကြ

Tue, 09/07/2010 - 10:40 -- Anonymous (not verified)

နနွင်းဈေးနှုန်း အားနည်းသွားနိုင် ခန့်မှန်းကြ      အိန္ဒိယပြည်တွင်း နနွင်းတက်ဝယ်လိုအားနည်းပြီး ဈေးကွက်ဈေးနှုန်း အားနည်းသွားကြောင်း သိရပါတယ်။ ဒါ့ပြင် အစ္စလာမ်ဥပုသ်ရာသီကြောင့် ဆော်ဒီ အာရေးဗီးယား ၊ ယူအေအီးနဲ့ အခြား အနောက်အာရှနိုင်ငံများမှ ဝယ်လို အား ကောင်းနေကြောင်း ၊ နနွင်းအသစ်များကလည်း ၂ဝ၁၁ ခုနှစ် ၊ ဖေဖော်ဝါရီ – မတ်လ လောက်မှသာ ဈေးကွက်အတွင်း ဝင်ရောက်မည်ဖြစ်ရာ  နနွင်း လှောင် လက်များက သိုလှောင်လျက်ရှိပါတယ်။     စက်တင်ဘာကြိုပွိုင့်နနွင်းဈေးနှုန်းမှာ တစ်ကွမ်တယ်လ်ကို ၁၃၃၇ဝ ရူပီး (တစ်တန်လျှင် ကန်ဒေါ်လာ ၂၈၅၃ ဒေါ်လာ) ဖြစ်တယ်လို့ သိရပါတယ်။ သြဂုတ် လ ၁၁ ရက်နေ့ထိ စာရင်းအရ နနွင်းစိုက်ဧရိယာဟက်တာပေါင်း ၆ဝ၆၈ဝ ရှိရာ အရင်နှစ်ကထက် ၈၃ ရာခိုင်နှုန်း တိုးလာတယ်လို့ အန်ဒရာပရာဒက်ရှ် လယ်ယာ စိုက်ပိုျးရေးဌာနက ပြောကြားပါတယ်။ နနွင်းဈေးနှုန်း နည်းသွားနိုင်ကြောင်း ခန့်မှန်း ကြပါတယ်။ှSource:commodityonline.com,ပပ