နယ်စပ်မှ ဓာတ်မြေသြဇာ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်း များမှ ဓာတ်မြေသြဇာ ၂ဝ၂၅၈ ဒဿမ ၅၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၈၄၁ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ဓာတ်မြေသြဇာ ၉၄၂၃ ဒဿမ ၆ဝ တန်သာ တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ ၁ဝ၈၃၄ တန် ကျော် ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်းနိုင်မှုများမှာ မူဆယ်မှ ၁၇၂၆၇ ဒဿမ ၃ တန်၊ကော့သောင်းမှ ၂၇ဝဝ တန်၊ ရိဒ်မှ ၁ဝ၃ဒဿမ ၂၅ တန်၊ မြဝတီမှ ၁ဝဝ ဒဿမ ဝ၅ဝ တန်၊ မောင်တောမှ ၄၄ ဒဿမ ၅ဝ တန်၊ တာချီလိတ် မှ ၂၉ တန် နဲ့ စစ်တွေမှ ၁၄ တန် အသီးသီး တင်သွင်း ခဲ့ခြင်းဖြစ် ပါတယ်။ ယခုအပတ်မှာ မူဆယ်၊ မြဝတီ၊ ကော့သောင်းနဲ့ ရိဒ်နယ်စပ်စခန်းများမှ ယခင်အပတ်ကထက် ပိုမိုတင်သွင်းလာတာ ဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ တင်သွင်းတဲ့ ဓာတ်မြေသြဇာများရဲ့ တစ်တန်ပေါက် ဈေးများ ကို ဖော်ပြပေးလိုက်ပါတယ်-နယ်စပ် အမျိုးအစား တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)မူဆယ် Single Super Phosphate 120 Triple Super Phosphate 260 Urea Fertilizer(N-46%) 220 Nitric Phosphate (NPK) 250 Mono amonium Phosphate 450 Compound NPK 10:10:5 135 16 : 20 : 00 220 15: 15 : 15 240 MIRT(DOBT)
Background