သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ဓာတ်မြေသြဇာ ၉၄၂၃ ဒဿမ ၆ဝ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ၁ ဒသမ ၈၇၇ သန်းဖိုးတင်သွင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ၁၅၉၅၁ တန် တင်သွင်းခဲ့ပါတယ်။ မြဝတီ၊ ရိဒ်၊တာချီလိတ်၊ စစ်တွေနဲ့ ကော့သောင်းစခန်း များမှ ၁၂၅ တန် ပိုမိုတင်သွင်းသော်လည်း မူဆယ်နယ်စပ်မှ တန်ချိန် ၆၆၅၃တန် လျော့နည်း တင်သွင်းခဲ့တာတွေ့ရပါတယ်။ နယ်စပ်စခန်းအလိုက် ယခုအပတ် တင်သွင်းမှုများမှာ မူဆယ်မှ ၉ဝ၈၅ ဒဿမ ၂၆ တန်၊ ရိဒ်မှ ၁ဝ၁ တန်၊ မြဝတီမှ ၉၉ ဒဿမ ၅တန်၊ စစ်တွေမှ ၇ဝ ဒဿမ ၈၄ တန်၊ တာချီလိတ်မှ ၅၅ တန်နဲ့ ကော့သောင်းမှ ၁၂ တန် အသီးသီးတင်သွင်းခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ တင်သွင်းတဲ့ ဓာတ်မြေသြဇာများရဲ့ တစ်တန်ပေါက် ဈေးများကို ဖော်ပြပေးလိုက်ပါတယ်- နယ်စပ် အမိုျးအစား တစ်ဘက်နိုင်ငံ (ဒေါ်လာ/ တန်)မူဆယ် Single Super Phosphate 120 Compound Seed (10;10;5) 135 - 160 Compound Seed (15;15;15) 240 Urea 220 Nitric Phosphate 250 Potasium Group (13;0;46) 260 Triphosphate 260 Monoamonium Phosphate 450 MIRT(DOBT)
Background
