Main menu

Background

နယ်စပ်မှ ရော်ဘာတင်ပို့မှု ပိုမို

Thu, 09/09/2010 - 05:10 -- Anonymous (not verified)

 နယ်စပ်မှ ရော်ဘာတင်ပို့မှု ပိုမို    သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ် စခန်းများမှ ရော်ဘာ အဆင့်စုံ ၆၉၆ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၉၄၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက် ထိကာလအတွင်း ရော်ဘာအဆင့်စုံ ၅၈၃ တန်သာတင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ရော်ဘာ ၁၁၃ တန်ကျော် ပိုမိုတင် ပို့နိုင်ခဲ့ပါ တယ်။ စခန်းအလိုက် ရော်ဘာတင်ပို့နိုင်မှု ကတော့ မူဆယ်မှ RSS (၃)  ၂၂၂ တန်၊ RSS (၅) ၁၁၄ ဒသမ ၅ တန်၊MSR(၂ဝ) ၂၄၅ တန်၊MSR(၅ဝ) ၃၅ တန်နဲ့ ချင်းရွှေဟော်မှ RSS  (၃) တန် ၈ဝ တင်ပို့ နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ သြဂုတ်လမှာ ရော်ဘာ ၂၈၃၄ ဒသမ ၅ တန် နယ်စပ်မှတင်ပို့ခဲ့ပြီး ဇူလိုင်လကထက် တန်ချိန် ၇၉၁ တန်ခန့်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ဧပြီလမှ သြဂုတ်လထိ ရော်ဘာ ၁၁၉၇၄ ဒသမ ၄၅ တန် နယ်စပ်မှ တင်ပို့ထား ပြီးဖြစ်ပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ် ရော်ဘာဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက် ရပါတယ် -                 မိမိဘက်(ကျပ်/တန်)                                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                          ယခု    ယခင်           ပြောင်းလဲမှု      %           ယခု       ယခင်      ပြောင်းလဲမှု      %ွှRSS (၅)    ၃၂၆၄ဝ၈ဝ    ၃၂၅၆ဝ၈၂    ၇၉၉၈       ဝ .၂          ၂၈၇၄       ၂၈၇၈         ၄           ဝ .၁ RSS(၃)    ၃ဝ၇၉၈၆ဝ    ၃ဝ၇၁၉၈၇    ၇၈၇၃       ဝ .၃           ၂၆၅၃     ၂၆၅၇          ၄           ဝ .၂