Main menu

Background

နို့ဆီနို့စိမ်း

Sat, 05/01/2010 - 14:54 -- Anonymous (not verified)

ပုံမှန်အဝင်နှုန်းနဲ့ပဲဝင်နေ     သြင်္ကန်မတိုင်မီ ပြည်တွင်းကို နို့ဆီနဲ့ နို့စိမ်းတင်သွင်းမှုတွေကိုကြည့်ရင် နို့စိမ်းတန်ချိန် ၆၁ဝ တန်ဖိုး ကန်ဒေါ်လာ ခြောက်သိန်း ကျော်ဖိုး၊ နို့ဆီ တန်ချိန် ၄၂၆ တန် တန်ဖိုး ကန်ဒေါ်လာ လေးသိန်းကျော်ဖိုး သွင်းလာတာ တွေ့ရပါတယ်။ စင်္ကာပူဘက်က သွင်း လာပြီး ဒွန်းတံဆိပ်၊ အိုကေတံဆိပ်များ အများစုပါဝင်ကြောင်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့မတ်လ ပထမအပတ်၊ ဒုတိယ အပတ် တို့က နို့ဆီနဲ့ နို့စိမ်း အဝင်စုပြုံပုံအောဝင်ခဲ့ပြီးတဲ့နောက်မှာ ဒီသြင်္ကန် မတိုင်မီ ကာလမှာတော့ ပုံမှန်ဝင် တဲ့နှုန်းထားနဲ့ပဲ အဝင်ရှိနေတာ တွေ့ရပါတယ်။ နို့ဆီနဲ့ နို့စိမ်းအပြင် တရုတ် နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံဘက်ကနေပြီး နို့မှုန့် တန်ချိန် ၁၂၆ တန်လည်းဝင် လာတာတွေ့ရပါတယ်။ ဒါကြောင့် ယခင်အပတ်နဲ့ယှဉ်ရင် နို့စိမ်းက တန်ချိန် ၄၈ဝ ကျော်အဝင်ပိုခဲ့ပြီး နို့ဆီကတော့ ၁၄ တန်အဝင်သာ ခဲ့ပါတယ်။                                                                                                               MIRT (DOT)သြင်္ကန်တွင်း နို့ဆီနို့စိမ်း နယ်စပ်က တင်သွင်းတာမရှိ    ဧပြီလ ၁၄ ရက်မှ ၂ဝ ရက်ထိ ကာလအတွင်း နယ်စပ်စခန်းများမှ နို့ဆီ၊ နို့စိမ်း တင်သွင်းမှုမရှိခဲ့ပါ။ ဧပြီလ ၇ ရက်မှ ၁၃ ရက်ထိ ကာလ အတွင်း မြဝတီ နယ်စပ်ကုန်သွယ်ရေး စခန်းမှ နို့ဆီ၊ နို့စိမ်း  (၃၂ဝဝ) ကာတွန်း၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ (၅၁ဝဝဝ) သန်းဖိုး တင်သွင်း နိုင်ခဲ့ပါတယ်။ အခြားမည်သည့်နယ်စပ် စခန်းမှ လည်း တင်သွင်းမှုမရှိခဲ့ပါဘူး။ နို့ဆီ၊ နို့စိမ်းတံဆိပ်မှာ My Boy Brand ဖြစ်ပြီး တစ်ဖက်နိုင်ငံပေါက်ဈေးမှာ တစ်ကာတွန်း ကို ၁၆ ဒသမ ၂ ဒေါ်လာမှ  ၁၅ဒသမ ၂ ဒေါ်လာအတွင်း ဈေးပေါက်လျက်ရှိပါတယ်။                                                                                                           MIRT (DOBT) ပြည်တွင်းလက်လီအဝယ်တက်   ပြည်တွင်းဈေးကွက်မှာ နို့ဆီနဲ့ နို့စိမ်းအဝယ်က အလှူအတန်း ပေါများခဲ့လို့ အရောင်းအဝယ်ကောင်းခဲ့ပါတယ်။ လက်လီဈေးများ နည်းနည်းမြောက်ပြီး လက်ကားဈေးကတော့ ယခင်အပတ်ကဈေးပဲ ဈေးမပြောင်းဘဲ ဈေးဖွင့်ခဲ့တယ်လို့ဆိုပါတယ်။လက်ကားဈေး            တစ်ဘူး/ကျပ်                        ရန်ကုန်     မန္တလေးDown (နို့ဆီ)          ၆၈ဝ       ၆၉၅Down (နို့စိမ်း)         ၆၃၅       ၆၅ဝမာရီဂိုး(နို့ဆီ)            ၆၁၅       ၆၃ဝလပ်ကီးကောင်း(နို့စိမ်း ၅၃၅       ၅၅ဝနို့ဆီအမိုျးမိုျးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီးလက်လီဈေးတွေ ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်-နို့ဆီလက်လီဈေး                       တစ်ဘူး/ကျပ်                    ရန်ကုန်    မန္တလေးီDown (နို့ဆီ)     ၇၁ဝ       ၇၂၅ီDown (နို့စိမ်း)    ၆၅ဝ       ၆၆၅ဝမ်းတီးနို့ဆီ        ၆ဝဝ       ၆၆၅Crown            ၆ဝဝ        ၆၁၅Happy Cow      ၅၈ဝ       ၅၉၅        MIRT (DOT)