Main menu

Background

နို့ဆီ စင်ကာပူအပြင် မလေး၊ တရုတ်ကပါ ဝင်လာ

Mon, 09/13/2010 - 06:30 -- Anonymous (not verified)

 နို့ဆီ စင်ကာပူအပြင်မလေး၊ တရုတ်ကပါ ဝင်လာ     စက်တင်ဘာ  ပထမပတ်အတွင်း စင်ကာပူနိုင်ငံကနေ နို့ဆီတန်ချိန် ၁၂၃ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁၁၂ ၁၂၈၊ နို့စိမ်း ၁ဝ၄ တန် တန်ဖိုး ကန်ဒေါ်လာ ၉၉၉ဝ၆ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် သြဂုတ်လ နောက်ဆုံးအပတ်က နို့ဆီ ၂၄၅ ဒသမ ၅၆ တန်၊ နို့စိမ်း ၂၂၂ ဒသမ ၅ တန် အဝင်ရှိခဲ့ပြီး ယခုသီတင်းပတ်မှာတော့ အဝင် ထက်ဝက်လျော့သွားတာတွေ့ရ ပါတယ်။ သြဂုတ်လတစ်လလုံး လခုျပ် အနေနဲ့ နို့ဆီတန်ချိန်ပေါင်း ၆၈၂ ဒသမ ၁၅ ၊ နို့စိမ်းတန်ချိန်ပေါင်း ၂၂၁ဝ ဒသမ ၉ တင်သွင်းခဲ့ပြီး နို့စိမ်းကို ဝယ်လက် အဓိကဖောက်သည်ဖြစ်တဲ့ စင်ကာပူ နိုင်ငံကပဲ အများဆုံး တင်သွင်းခဲ့တာ ဖြစ်ပြီး နို့ဆီကိုတော့ စင်ကာပူအပြင် မလေးရှား၊  တရုတ်တို့ကပါ  တင်သွင်း လာတာ ဖြစ်ပါတယ်။ နို့မှုန့် ဒီသီတင်း ပတ်အဝင်ကိုကြည့်ရင် ၉ဝ၂ တန် အဝင် ရှိခဲ့ပြီး ယခင်သီတင်းပတ်က အဝင်မရှိခဲ့ တဲ့အတွက် ယခုအပတ် မှာအသွင်းပိုခဲ့ ပါတယ်။ သြဂုတ်လ လချုပ်နို့မှုန့်အဝင် စုစုပေါင်းကတော့  တန်ချိန် ၁ဝ၂၈ ဒသမ ၇၅ တန်ဖြစ်ပြီး ယခင်လ ၂ဝ၁ဝ ဇူလိုင်လ အဝင်ထက် ၁၆၅ တန်ခန့် ပိုမို ဝင်ခဲ့တာ တွေ့ရပါတယ်။                                                                                                                    MIRT(DOBT)