Main menu

Background

နှမ်း/မြေပဲ(ဈေးအနည်းငယ်ကျ ပြည်မိုးနှမ်း)

Thu, 09/02/2010 - 07:44 -- Anonymous (not verified)

ဈေးအနည်းငယ်ကျပေမဲ့ အရောင်းအဝယ်ဖြစ်တဲ့ ပြည်မိုးနှမ်း    ပြည်ဈေးကွက်တွင် မိုးနှမ်းအသစ်များကို ပေါင်းတလည်၊ ပေါက်ခေါင်း၊ ရွှေတောင်၊ နတ်တလင်းနဲ့ ပြည်မြို့အနီး တစ်ဝိုက်ရှိ ကျေးရွာများမှနေ့စဉ်အိတ် ၅ဝဝ-၆ဝဝ ခန့်အထိ ဝင်ရောက်လာသဖြင့် ယခင်အပတ်ထက်စာရင် ဝင်ရောက်မှုမှာ ထက်ဝက် နီးပါးတက်လာခဲ့ပါတယ်။ မိုးနှမ်းအသစ်များအဆက်မပြတ် ထွက်ပေါ်လာ တာကြောင့် ပြည်နှမ်းဈေးကွက်တွင် နှမ်းဈေးအနည်းငယ် ကျဆင်းလာခဲ့ပါတယ်။ မိုးနှမ်းနက် (၄၅) ပိဿာ တစ်အိတ်ကို ၈၆ဝဝဝ ကျပ်နဲ့ မိုးနှမ်းနီ (၄၅ ) ပိဿာ တစ်အိတ်ကို ၆၅၅ဝဝ ကျပ်ဖြင့် ယခင်အပတ်ထက်စာရင် ဈေးအနည်းငယ် ကျသွားကြောင်း သိရပါတယ်။ ဈေးအနည်းငယ် ကျပေမဲ့ တစ်နေ့ကို နှမ်းအိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။                                                                                                                                 ဝေဝေမင်း