Main menu

Background

နှမ်း/မြေပဲ

Thu, 09/02/2010 - 08:16 -- Anonymous (not verified)

မိုးနှမ်းစစ်ကိုင်းတိုင်းမှာ ၉၁ ရာခိုင်နှုန်းကျော်စိုက်ပျိူးပြီး            ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် စစ်ကိုင်းတိုင်းရဲ့ မိုးနှမ်းလျာထားစိုက်ဧက ၄ ဒသမ ၉ သိန်းအနက် ဧက ၄ ဒသမ ၄၈ သိန်းကျော် ရာခိုင်နှုန်းအားဖြင့် ၉၁ ဒသမ ၃၅ ရာခိုင်နှုန်းစိုက်ပိုျးပြီးဖြစ်ပါတယ်။ မိုးနှမ်းကို မေလနဲ့ ဇွန်လတွင် စိုက်ပိုျးပြီး သြဂုတ်လ၊ စက်တင်ဘာလများမှာ ထွက်ပေါ်မှာဖြစ်ပါတယ်။ တန့်ဆည်၊ ရေဦး၊ ဘုတလင်၊ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ အရာတော်၊ ချောင်းဦး၊ မြောင်မြို့နယ်များမှ နှမ်းများမုံရွာမြို့သို့ ဝင်ရောက်ပါတယ်။ ၂ဝဝ၉ ခု သြဂုတ်လမှာ တစ်ပိဿာ အနိမ့်အမြင့်ဈေး နှမ်းညို ၁၃၈၇ ကျပ်၊ ၁၅၈ဝ ကျပ်၊ နှမ်းဝါ ၁၄၆၇ ကျပ်၊ ၁၇၆၈ ကျပ်၊ နှမ်းဖြူ ၁၅ဝဝ ကျပ်၊ ၂ဝ၆၇ ကျပ်ဖြစ်ပေါ်ခဲ့ပါတယ်။ ၂ဝ၁ဝ ခု သြဂုတ်လမှာ နှမ်းညို ၁၃၆၇ ကျပ်၊ ၁၅၅၃ ကျပ်၊ နှမ်းဝါ ၁၄၃၃ ကျပ်၊ ၁၅၆၇ ကျပ်၊ နှမ်းဖြူ ၁၆၃၃ ကျပ်၊ ၁၈ဝဝကျပ် ဈေးအသီးသီးနဲ့ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှတင်း ၈ဝဝ ခန့် အရောင်းအဝယ် ဖြစ်ကြောင်းသိရပါတယ်။ ၂ဝ၁ဝ ခု သြဂုတ်လ ၂၅ ရက်အတွင်း မုံရွာမှ မန္တလေးသို့ တစ်တင်းခွဲဝင်အိတ် ၃၄ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ နှမ်းဆီဈေးမှာ တစ်ပိဿာကို လက်ကား ၂၆၅ဝ ကျပ်၊ လက်လီ ၂၈ဝဝ ကျပ်ဈေးဖြင့် ဈေးငြိမ်နေပါတယ်။                                                                                                                                                                                                  သန်းသန်းတင်