Main menu

Background

ပခုကူကုန်စည်ဒိုင် 6-9-2010မှ 10-9-2010အတွင်း

Mon, 09/13/2010 - 10:22 -- Anonymous (not verified)

ပခုက္ကူမှာ ရန်ကုန်ဝယ်လက် ပဲတီစိမ်းသေးကို အဝယ်ရှိ ရန်ကုန်ဝယ်လက်က မိုးစိုက်ပဲတီစိမ်းသေးကို တစ်ပိဿာ ၁၁၆၇ ကျပ်(တစ်တန်ကို ၇၁၄၆၅၉ ကျပ်)နဲ့ ဝယ်အားပုံမှန်ရှိပေမဲ့ ယခင်အပတ်နဲ့စာရင် ေဈးကကျ ရိပ်သန်းနေကြောင်း သိရပါတယ်။ ပဲစင်းငုံနီ ကိုရန်ကုန်ဝယ်လက်က ပုံမှန်အဝယ်ရှိပေမယ့် ရောင်းသူကုန်သည် များအရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉ဝဝ ကျပ် (တစ်တန်ကို ၅၅၁၁၅၁ ကျပ်)နဲ့ နေ့စဉ် အိတ်၅ဝမှ ၁ဝဝကြားသာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။