Main menu

Background

ပစ္စည်းကောင်းရင်ဈေးကောင်းတဲ့ ရှမ်းနနွင်း

Tue, 09/07/2010 - 10:42 -- Anonymous (not verified)

ပစ္စည်းကောင်းရင်ဈေးကောင်းတဲ့ ရှမ်းနနွင်း        ရှမ်းနနွင်းကိုလည်း ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး၊ အရောင်း အဝယ် ပြုလုပ်ကြတယ်လို့သိရပါတယ်။ ပင်လောင်းနယ်က လှောင်လက်သမားတွေ ဆီမှာသာ ပစ္စည်းလက်ကျန်ရှိတော့တယ်လို့လည်း နနွင်းတက်ပွဲရုံ တွေကသိရ ပါတယ်။ အောင်ပန်းဈေးကွက်ကိုတော့ ပင်လောင်းနယ်က လှောင်လက်တွေဆီက လက်ကျန် နနွင်းတွေသာ ပုံမှန်ဝင်နေပါတယ်။ ပြီးခဲ့တဲ့အပတ်တွေက နနွင်းခေါင်း တွေသာ ပြည်တွင်းသုံးအဖြစ် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ပြည်ပ ဝယ်လိုအားတွေ အဝယ်ပြန်လိုက်တာကြောင့် နနွင်းတက်ကိုလည်း ပစ္စည်း ကောင်း ရင် တစ်ပိဿာကို ၃၂ဝဝ ကျပ်၊ ၃၃ဝဝ ကျပ်ဈေးနဲ့ ဝယ်ယူနေပါ တယ်။ ပစ္စည်း ညံ့ရင်တော့ တစ်ပိဿာ ၂၅ဝဝ ကျပ်မှ ၃ဝဝဝ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်း သုံးအနေနဲ့ ပရဆေးအဖြစ် ပြုလုပ်တဲ့ နနွင်းခါးကတော့ တစ်ပိဿာ ၁၁ဝဝ ကျပ်၊ ၁၃ဝဝ ကျပ်၊ နနွင်းခေါင်းကတော့ တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေး ရှိပါတယ်။ တောင်ကြီးဈေး ကွက်မှာ နနွင်းတက်တစ်ပိဿာ ၂၈ဝဝ ကျပ်မှ ၃၃ဝဝ ကျပ်ဈေးရှိတယ်လို့ နနွင်းပွဲရုံတွေကသိရပါတယ်။                                                                                                                                       ဧဧခိုင်