Main menu

Background

ပုံမှန်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ မုံရွာဗွီတူးဈေးကွက်

Tue, 09/07/2010 - 09:26 -- Anonymous (not verified)

ပုံမှန်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ မုံရွာဗွီတူးဈေးကွက်           မုံရွာပဲဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပဲများအားလုံးဈေး ကျ ဆင်းပြီး အရောင်းအဝယ်ပါးနေတဲ့ အချိန်မှာ ဈေးပုံမှန်၊ အရောင်းအဝယ်မှန်နေတဲ့ ပဲကတော့ ဗွီတူးကုလားပဲပါ။ ဒေသတွင်းပဲခွဲစက်နဲ့ ကြာဇံစက်များရဲ့ နေ့စဉ် ဝယ်လိုအား ရှိနေသလို မန္တလေးဝယ်လက်မှလည်း ပုံမှန်အဝယ်ရှိနေတဲ့အတွက်လို့ သိရပါတယ်။     ဗွီတူးဈေးဟာ သြဂုတ်လ တစ်လလုံး (အမြင့်) တစ်တင်း ၂ဝ၄ဝဝ ကျပ်၊ အနိမ့် ၁၉၃ဝဝ ကျပ်သာ အပြောင်းအလဲရှိခဲ့ပြီး နေ့စဉ်ပုံမှန် ၅ဝဝ အိတ်မှ ၇ဝဝ အိတ်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။     ပြည်ပဝယ်လက်မရှိသော်လည်း ဒေသတွင်း၊ မန္တလေးပုံမှန်ဝယ်လက်ရှိနေ တဲ့ အတွက် ဗွီတူးဈေးကတော့ ကျဆင်းနိုင်ဖွယ် မရှိနိုင်ဘဲ အရောင်းအဝယ်အနေ နဲ့ ပုံမှန်ဖြစ်နိုင်ကြောင်း ကုန်သည်များက ခန့်မှန်းကြပါတယ်။                                                                                                               အောင်မင်း